မိုက်ကယ်စကိုးဖီးဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတရားစီရင်မှုအမှားကြောင့် ထောင်ချောက်ဆင် သေဒဏ်ချခံလိုက်ရတဲ့ အကိုဖြစ်သူ လင်ကွန်းဘားရိုးစ်ကို ကယ်တင်ဖို့အတွက်သူကိုယ်တိုင် ထောင်ကျခံ၊ ထောင်ဖောက်ပြီးထွက်ပြေးဖို့အစီအစဉ်ဆွဲရာက ဇာတ်လမ်းစပါတယ်။အဲဒီထောင်ဟာ သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ အကျဉ်းထောင်ဖြစ်တာကြောင့်ထောင်ရဲ့ပုံကြမ်းအသေးစိတ်အချက်အလက်တွေကို ခန္ဓာကိုယ်ပေါ်မှာ တက်တကူးရေးထိုးပြီးသေချာဗျူဟာချပြီးမှ ကယ်ထုတ်ဖို့ အကွက်ကျကျစီစဉ်ထားတာပါ။ဒီလိုနဲ့ ထောင်ထဲရောက်လာတဲ့အချိန်မှာ စီစဉ်ထားတဲ့အတိုင်းကြိုးစားရင်းမမျှော်လင့်ထားတဲ့ အခက်အခဲတွေအနှောင့်အယှက်တွေကြားကထောင်ဖောက်ဖို့အတွက် အကောင်အထည်ဖော်ပါတော့တယ်။Prison Break က ၂၀၀၅ ခုနှစ်မှာ Season-1 စတင်ထွက်ရှိခဲ့ပြီး Season-5 ကိုတော့ ၂၀၁၇ မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်…