ဒီနေ့လားမနက်ဖြန်လားမသိတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းကနေ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ချစ်ရတဲ့နာကျင်မှုမျိုးကို ဘယ်သူမှမတောင့်တသလို လိုချင်ကြမှာလဲမဟုတ်ဘူးမလား?ဒီဇာတ်လမ်းလေးကိုဖြစ်စေခဲ့တဲ့ အစ...ချောချောမောမောသန့်သန့်ပြန့်ပြန့်နဲ့ ရှေ့နေဖြစ်ဖိုအတွက် မိခင်ဖြစ်သူကပျိုးထောင်ပေးနေတဲ့ ဂျွန်ယောင်းဆိုတဲ့ အထက်တန်းကျောင်းသားလေး ...အပေးအကမ်းရက်ရောပြီး မဟုတ်မခံဇက်ဇက်ကြဲမလေးဖြစ်တဲ့ နိုအူးလ် ...မစခင်မှာတဲ့အဆုံးသတ်ခဲ့ရတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကို ဂျွန်ယောင်းဘက်ကနေ ခြေတစ်လှမ်းတိုးလာတဲ့အခါမှာတော့...နိုးအူးလ်ရဲ့တည်ငြိမ်နေတဲ့ကမ္ဘာလေးကို ယိုင်နဲ့သွားစေမယ့် ကြမ္မာဆိုးကြီးရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲနှစ်တွေအများကြီးကြာလာတဲ့အခါဂျွန်ယောင်းကတော့ ပြည်သူ့အချစ်တော်မင်းသားချောကြီးဖြစ်နေတဲ့အချိန် နိုအူးလ်ကတော့ နေရာတစ်နေရာကိုရဖိုအရေးကြိုးစားနေရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်လာခဲ့ပါတယ်။အရာရာဟာ အရင်လိုပဲပြန်ဖြစ်လာဖို အကြောင်းဖန်လာပြီးနိုအူးလ်ရဲ့ ပန်းတွေပွင့်လန်းနေတဲ့ကမ္ဘာကြီးကို အလိုမကျတဲ့ဇာတ်ဆရာက နောက်တစ်ဖန်ကျီစားလိုက်ပြန်ပါတယ်။ဒဏ်ရာအပြည့်နဲ့ နှလုံးသားကို တစ်စစီခွဲလိုက်လေပြီးမှ အားနာပါတယ်ပြောရုံနဲ့ အရင်လိုပြန်ဖြစ်ရိုးလား??လူနှစ်ယောက် ချစ်ဖိုအတွက်ဒီလောက်တောင် ခက်ခဲရသလား??