ဇာတ်လမ်းအကျဉ်း—————လိင်တူစိတ်ဝင်စားသူ တစ်ဦးဖြစ်တဲ့ ဂိုယောင်း (Nam YoonSu) ဟာ…တခြားပုံမှန်လူတွေလိုမျိုး ဂယူဟို(Jin Ho Eun) နဲ့တွေ့ဆုံပြီးနောက်မှာ…ဖြူစင်တဲ့အချစ်ဆိုတာကို ခံစားလာမိတဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်း…အမေဖြစ်သူရဲ့ ကန့်ကွက်မှု ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှုတွေကြောင့်..ဂယူဟိုကို လက်လွှတ်ဖို့ဖြစ်လာတဲ့အခါ…ဂိုယောင်းတစ်ယောက် မိုးရာသီမှာ..သူစိမ်းတစ်ယောက်နဲ့အတူ ထိုင်းနိုင်ငံသို့ ခရီးထွက်လာပြီး…သူ့အတိတ်က နေ့ရက်တွေကိုပြန်တမ်းတရင်း.. ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင်..ဘယ်လိုကြိုးစားသွားမလဲ ဂိုယောင်းရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်သွားမလဲ..သူ့အမေကရော ဂိုယောင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကို လက်ခံပေးသွားမလားဆိုတာ…ဒီီဇာတ်လမ်းတွဲလေးမှာစောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်။