Disney ရဲ့ Marvel Universe ထဲက မှော်စီးရီးအသစ်တစ်ခု ထွက်လာပါပြီ။ ဒီစီးရီးထဲက အဓိက မင်းသမီးကတော့ စုန်းမကြီး အက်ဂ်သာ ဖြစ်တဲ့အတွက် သူ့ကိုပထမဆုံးမိတ်ဆက်ထားတဲ့ WandaVision စီးရီးကိုအရင်ကြည့်မှ ရပါမယ်။ အဲဒီစီးရီးထဲမှာ ကြက်သွေးရောင်စုန်းမဖြစ်လာတဲ့ ဝန်ဒါက သူ့ကို မှော်အကျဉ်းထောင် တစ်ခုထဲမှာ ပိတ်ထားခဲ့ပါတယ်။ လက်ရှိစီးရီးကတော့ Multiverse of Madness ဆိုတဲ့ဇာတ်လမ်းနောက်ပိုင်းကနေ ဆက်တာပါ။ ဝန်ဒါသေဆုံးအပြီးမှာ အက်ဂ်သာတစ်ယောက်လွတ်မြောက်ဖို့နဲ့ မှော်အစွမ်းတွေပြန်ရဖို့ သူ့ရဲ့ စုန်းအဖော်တွေနဲ့ ဘယ်လိုတွေ ကြိုးစားရမလဲဆိုတာ မြင်ရမှာပါ။ အစွမ်းတွေပျောက်နေတုန်းမှာပဲ လာသတ်မဲ့ ရန်သူတွေကိုလည်း ကျော်လွှားရပါဦးမယ်