No Way Out: The Roulette FHD

No Way Out: The Roulette

ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီးလွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ဆုံလည်ကိုလှည့်ကာ ပစ်မှတ်ကိုရွေးတတ်တဲ့ အမည်မသိသူတစ်ယောက်က ဂင်ဂုဟိုရဲ့ ခေါင်းကို ဖြတ်ပြီး သတ်နိုင်တဲ့သူကိုဝမ် 15 ဘီလီယံပေးမယ်လို့ ပြည်သူလူထုကို ကမ်းလှမ်းခဲ့ရပါတယ်။ဂင်ဂုဟိုဟာ ရှေ့နေအီဆန်ဘုံး (Kim Mu Yeol) ကို သူ့တရားရေးရာဆိုင်ရာပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပြီး စုံထောက်ဘဲ့ဂျုံရှစ် (Jo Jin Woong)ဟာထိုရာဇဝတ်သားဂင်ဂုဟိုကို ပိုက်ဆံရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရဲ့လက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုကယ်တင်သွားမလဲ။တစ်ဖက်မှာလည်း ပိုက်ဆံတွေ ဆုံးရှုံးထားတဲ့ သားသတ်သမားယွန်းချန်းဂျယ်(Lee Kwang Soo) ကရော သူ့ပိုက်ဆံတွေပြန်ရဖို့ ဘယ်လိုလုပ်ကိုင်သွားမလဲ..။ဘယ်လိုအခြေအနေတွေထဲ ပါဝင်သွားမလဲဆိုတာကိုတော့အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်

အပိုင်းများ

Season 1