ပြီးပြည့်စုံတဲ့ကောင်လေးChoi Joon Woongကအလုပ်ရှာနေပေမဲ့ အလုပ်မခန့်ခံခဲ့ရတဲ့သူပါနာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး သူ့ရဲ့မိဘတွေကလည်းချမ်းသာလှပါတယ်တစ်ညမှာတော့Choi Jong Woongတစ်ယောက် မတော်တဆသေမင်းတမန်တွေဖြစ်တဲ့Gu Ryeon နဲ့ Im Ryoog Guတို့နဲ့ တွေ့ဆုံခဲ့ပါတယ်အန္တရာယ်စီမံရေးအဖွဲ့က သေမင်းတမန် Gu Ryeonကဌာနမှူးဖြစ်ပြီးသေမင်းတမန်Im Ryoog Guကတော့ လက်အောက်ငယ်သားပါသူတို့ရဲ့အလုပ်က ကိုယ့်ကိုယ့်ကိုသတ်သေတဲ့သူတွေကိုကယ်ဖို့ဖြစ်ပြီးChoi Joong Woongတစ်ယောက် မမျှော်လင့်ထားဘဲအန္တရာယ်စီမံရေးအဖွဲ့ရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာတဲ့အခါသေမင်းတမန်အနေနဲ့ သူဘယ်လိုတာဝန်ထမ်းဆောင်မလဲသေမင်းတမန်တွေနဲ့ လူသားတွေကြားမှာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး