Kokdu: Season of Deity 꼭두의 계절 FHD

Kokdu: Season of Deity 꼭두의 계절

Drama FHD 2023-01-27 5.7

Fantasy Drama တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် “သေမင်းနဲ့ ဆရာဝန်မလေးတို့ရဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်တဲ့ Kokdu: Season of Deity ကို တင်ဆက်ပေးလိုက်ပါပြီ။ ဘုရားသခင်ရဲ့ အမျက်တော်ရှခြင်းကို ခံလိုက်ရတဲ့ Kok-Du (Kim Jung-Hyun) ဟာ သူ့လုပ်ရပ်အတွက် အပြစ်ဒဏ်အနေနဲ့ သေမင်းတစ်ပါးအဖြစ်ကို ပြောင်းလဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပေါ်က သေဆုံးပြီးသားသူတွေကို လမ်းပြပေးရင်း သွေးအေးရက်စက်တဲ့ သေမင်းအဖြစ် ၉၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ Kok-Du ဟာ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာမြေပေါ်ကို ရောက်ရှိလာရပါတော့တယ်။ တစ်ဖက်မှာတော့ Han Gye-Jeol (Lim Soo-Hyang) ဟာ အဆင့်အနိမ့်ဆုံးဆေးတက္ကသိုလ်ကနေဘွဲ့ရထားတဲ့ ဆရာဝန်မလေးတစ်ဦးပါ။ ဘယ်သူမှဂရုစိုက်မယ့်သူမရှိတဲ့ အနှိမ်ခံမိဘမဲ့ဘဝနဲ့ နေထိုင်လာခဲ့ရင်း သေမင်း Kok-Du နဲ့‌ အမှတ်မထင်တွေ့ဆုံလိုက်ရတဲ့အခါမှာတော့…။