The Ark FHD

The Ark

Sci-Fi & Fantasy FHD 2023-02-01 6.333

ဇာတ်လမ်းကိုတော့ လာမယ့် နှစ်တစ်ရာကျော် အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားပြီး အာကာသယာဉ်ကြီးတစ်ခုရဲ့ ပေါက်ကွဲမှုနဲ့ အစပြုထားပါတယ်။အဲ့ဒီယာဉ်ရဲ့နာမည်ကတော့ ARK ONE ပါ။ ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့အတွက် တဖြည်းဖြည်းဆိုးဝါးလာပြီး လူသားမျိုးနွယ်တွေ မကြာခင်မျိုးသုဉ်းသွားနိုင်တာမို့ ကမ္ဘာ့နယ်ပယ် အသီးသီးက အတော်ဆုံးဆိုတဲ့လူတွေကို ARK ONE လို ယာဉ်ကြီးတွေပေါ် တင်ပေးလိုက်ပြီး အခြေချနေထိုင်ဖို့ နယ်မြေအသစ်တွေ ရှာဖွေစေပါတယ်။ အဲ့ဒီလူတွေထဲမှာ စစ်မြေပြင်ကျွမ်းကျင်သူတွေ၊အင်ဂျင်နီယာတွေ၊စိုက်ပျိုး ရေးပညာရှင်တွေ၊အုပ်ချုပ်ရေးပညာရှင်တွေ စသဖြင့် လူမျိုးစုံပါဝင်ပါတယ်။ဖြစ်ချင်တော့ ARK ONE ဟာ မူလရည်ရွယ်ထားတဲ့ ဂြိုလ်ကို မရောက်ခင်မှာပဲ တစ်စုံတစ်ခုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံလိုက်ရပါတယ်။ အဲ့ဒီပျက်စီးမှုတွေနဲ့အတူ ပါလာတဲ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ သေဆုံးသွားပြီး ဒီစစ်ဆင်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းတွေပါ အကုန်ပါသွားပါတယ်။