ဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။ တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။ တစ်ယောက်က ပျော်တတ်တယ်။ တစ်ယောက်က အူကြောင်ကြောင်။ တစ်ယောက်က စာအုပ်ကြီးသမား။ တစ်ယောက်ကတော့ ခံစားလွယ်တယ်။ တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။ အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုကို သဘောကျစရာပါ။ဆရာဝန်တွေ ပြောနေကျစကားတွေကို သိလား????? “မသေချာပါဘူးခင်ဗျာ” တို့ . “မသိသေးပါဘူး” တို့ဆိုတာလေ . ဒါမှမဟုတ် “စောင့်ကြည့်ရဦးမယ်” ဆိုတာမျိုးလေ။ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ တာဝန်ယူရတာကြောင့်ပါပဲ လူနာအကြောင်းကို ယုံကြည်မှုရှိရှိနဲ့ပြောရဲတာ တစ်ခုပဲ ရှိပါတယ်။ “ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပါ့မယ်” ဆိုတာပါပဲ။ဒီဇာတ်လမ်းကတော့ ဆရာဝန်ဇာတ်လမ်း သီးသန့်တင် မဟုတ်ဘဲ ကိုရီးယားထုံးစံအတိုင်း ဒရာမာအချိုးအကွေ့လေးတွေ ပါပါမယ်။ဟာသလေးတွေလည်း ပါပါမယ်။ ရသစုံတဲ့ ဇာတ်လမ်းတွဲ တစ်တွဲမို့ ကြည့်မိရင် သဘောကျမိမယ့် ဇာတ်ကားမျိုးပါ။