တရးဥပဒေစိုးမိုးမှုမရှိတဲ့ မီဇာပူးမြို့မှာမီလျံနာသူဌေးတစ်ဖြစ်လဲမာဖီယားဂိုဏ်းစတားဖြစ်သူ အခန်ဒနန် ထရီပါသီ ဟာသြဇာအာဏာကြီးမားပြီး တစ်မြို့လုံးကိုချုပ်ကိုင်ထားတယ်…သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ မူနာ ထရီပါသီ ကတော့ အရည်အချင်းမရှိဖခင်ဖြစ်သူရဲ့အမွေစရိုက်အရာနဲ့ထိုက်တန်ခြင်းမရှိဘဲ အာဏာပါဝါ မက်မောတမ်းတနေတဲ့လူတစ်ယောက်…သူဟာမင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်တစ်ခုကြောင့် ရိုးဖြောင့်မှန်ကန်တဲ့ရှေ့နေတစ်ဦးဖြစ်သူ ရမခန်ပါဒစ် နှင့်သူ့သားများဖြစ်ကြတဲ့ ဂူဒူနဲ့ဘာလူး တို့မိသားစုနဲ့ရင်ဆိုင်လာရတော့တယ်...ဂူဒူနဲ့ဘာလူးတို့ဟာ သူ့အဖေကိုမီပူဇာမြို့ဘုရင်ရဲ့သားဖြစ်သူရဲ့ အနှောင့်အယှက်အန္တရာယ်ပေးမှုအောက်မှကာကွယ်ဖို့အတွက် မီပူဇာမြို့ဘုရင် အခန်ဒနန်ထရီပါသီရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်..ဒီလိုလောကမျိုးကြီးဟာ ဝင်ပြီးရင်ပြန်ထွက်မရဘူးဆိုတာသူတို့သိပေမယ့်အဖေကိုလဲကာကွယ်နိုင် ငွေလဲအလွယ်တကူရှာနိုင်မှာဖြစ်တဲ့အတွက် မျက်စိစုံမှိတ်ကာညီအစ်ကိုနှစ်ယောက်ရှေ့ဆက်တိုးခဲ့ကြတဲ့ပြီး မီပူဇာမြို့ဘုရင်ကြီးရဲ့ ခြင်္သေ့များဖြစ်လာကြတဲ့အခါမှာတော့…