တရှပြည်ထောင်ရဲ့ မင်းသမီးကြီးလီရုံနဲ့ဝန်ကြီးချုပ် ဖေဝိန်ရွှမ်းတိုဟာ တိုင်းပြည်အရေးရှေးရှုပြီး ထိမ်းမြားခဲ့ရပေမယ့်နှစ်ဦးကြားမှာ အချစ်မရှိဘဲ ပေါင်းဖက်ခဲ့ရာကနေ အထင်လွဲမှုလေးတွေ စုပြီးတစ်ဦးကိုတစ်ဦး သေစေခဲ့မိကြပါတယ်…”ငါသေရရင် ဖေဝိန်ရွှမ်းလည်းအသက်မရှင်စေရဘူး”ဆိုတဲ့ အမျက်ကြီးသူ လီရုံ“ရုံအာ အခွင့်အရေးသာရှိခဲ့ရင် မာနနဲ့သိက္ခာတရားကိုခဝါချပြီးမင်းကိုပိုတန်ဖိုးထားပါ့မယ်” ဆိုတဲ့ အချစ်ကို အသိနှောင်းခဲ့သူဖေဝိန်ရွှမ်းအချစ်ကံခေခဲ့ကြသူ နှစ်ဦးကို ကံတရားကြီးကနောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်ဒီလိုမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ သမက်တော်ရွေးရမယ့်အချိန်ကို ပြန်ရောက်သွားခဲ့တာပေါ့ဖူးစာလူးလာရင် ဒူးကာမရဆိုတဲ့ စကားလေးအတိုင်းပဲအခုတစ်ခေါက်လည်း လီရုံဟာ အဆင့်ရှစ်အမတ်လေးဖေဝိန်ရွှမ်းကိုပဲ သမက်တော်အဖြစ် ရွေးခဲ့ရပြန်တယ်ပြန်မွေးဖွားပြီးချိန်မှာတော့ အရင်က ဘာကြောင့်သေခဲ့ရတာလဲဘယ်သူ့ကြောင့်လည်း အတူဖော်ထုတ်ကြရင်း သံယောဇဉ်ကြိုးတွေ ရစ်ပတ်လာပါတယ်တစ်ချိန်က ရန်သူတော် နှစ်ပါး အချစ်တွေဘယ်လိုတွေ တိုးပွါးလာမယ်…ဖေဝိန်ရွှမ်းတစ်ယောက် ဘယ်လိုသာမန်အဆင့်ရှစ်အမတ်ရာထူးကနေ အမတ်ချုပ်အဆင့်ကို တိုးသွားမယ်…ဖင်ယွဲမင်းသမီးလေးလီရုံကရော အာဏာဘယ်လိုတည်ဆောက်သွားမယ်…တိုင်းရေးပြည်ရေးကျားကွက်ပေါ်မှာ ဘယ်လိုမျိုး ပရိယာယ်ကြွယ်ကြွယ်အတူကပြသွားမယ်ဆိုတာကို ဇာတ်ကားလေးထဲအတူတူ ကြည့်ရင်း ဖော်ထုတ်လိုက်ကြရအောင်…