A Korean Odyssey FHD

A Korean Odyssey

တရုတ်ဒဏ္ဍရီအယူအဆအရ ဒီလောကမှာ လူသားတွေအပြင်အခြားနာနာဘာ၀ ဝိနာဘာဝတွေ မိစ္ဆာတွေ မကောင်းဆိုးဝါးတွေ ရှိကြပါတယ်ဒီထဲမှာမှ တိရိစ္ဆာန်နွယ်ဝင်မိစ္ဆာတွေဟာ သက်တမ်းရှည်ပြီး Supernatural သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ပြီးလူသားအသွင်ပြောင်းတာတွေ လုပ်နိုင်သလို တာအိုဝါဒအတိုင်း ကျင့်ကြံပြီးကောင်းတာတွေလုပ်လို့ရှိရင် နတ်ဘုံနတ်နန်း နတ်အနွယ်ဝင်ဖြစ်လာနိုင်ပါတယ်တဲ့။၂၁ ရာစုမှာတော့ ဒီမိစ္ဆာတွေဟာ လူသားအသွင်ဖန်ဆင်းပြီးတော့ကောင်းကင်ဘုံ ရောက်နိုင်ဖို့အတွက် ကျင့်ကြံနေကြပါတယ်။ဒီလူ့လောကထဲမှာအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေတောင် ဖြစ်နေကြပါပြီ။နွားမိစ္ဆာ မာဝမ်လည်း တစ်ယောက်အပါအဝင်ပေါ့။အဲဒီမိစ္ဆာတွေထဲက စွန်းအိုဂွန်းလို့ခေါ်တဲ့မျောက်မင်းတစ်ကောင်ဟာစွမ်းအား အလွန်ကြီးပါတယ်။ သူရဲ့စွမ်းအားတွေကတော့အလေးချိန်ပေါင် ၂သောင်းလောက်ကိုအလွယ်တကူမ နိုင်သလို အမြန်နှုန်းကကမ္ဘာကိုတစ်ပတ်ပါတ်ဖို့ ၂စက္ကန့်ပဲကြာလို့ Flash ထက်တောင်မြန်ပါတယ်။အသွင်သဏ္ဍန်အမျိုးမျိုးပြောင်းနိုင်ပြီး ကောင်းကင်ဘုံရဲ့ အတော်ဆုံးစစ်သည်တော်တွေကိုတောင်ယှဉ်ပြိုင်နိုင်ပါတယ်။ လေ-ရေ-မိုးတိမ်တွေကို ထိန်းချုပ်နိုင်တဲ့ဂါထာတွေတတ်သလိုတခြားစွမ်းအားတွေအများကြီးပိုင်ဆိုင်ပါတယ်။ တစ်နေ့တော့ ကောင်းကင်ဘုံမှာမူးပြီးသောင်းကျန်းလို့ မိုးနတ်မင်းက သူ့ကိုတောင်ငါးလုံးအောက်မှာ ဖမ်းချုပ်ထားတာခံနေရပါတယ်။ဂျင်ဆွန်းမီလို့ ကလေးမလေးတစ်ယောက်ဟာ တစ္ဆေသူူရဲတွေကို မြင်နိုင်တဲ့ထူးခြားတဲ့ကလေးမလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ နွားမိစ္ဆာ မာဝမ်ဟာစွန်းအိုဂွန်းဖမ်းချုပ်ထားတဲ့ဆီက ယပ်တောင်ကို လိုချင်တာကြောင့် ဒီကလေးမလေးကိုယူဖို့ခိုင်းလိုက်ရင်း ကလေးမလေးဟာ စွန်းအိုဂွန်းကို အချုပ်အနှောင်ကလွတ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ပေးလို့ အပြန်အလှန်အနေနဲ့ ကလေးမလေးကို စွန်းအိုဂွန်းကသူ့နာမည်ခေါ်လိုက်တာနဲ့ ရောက်လာပြီး ကူညီစောင့်ရှောက်ပေးဖို့ ကတိကဝတ်ပြုထားကြပါတယ်။ဒါပေမယ့် စွန်းအိုဂွန်းကတော့ မျောက်ကျင့်မျောက်ကြံအတိုင်း မကူညီချင်လို့ကလေးမလေးရဲ့ မှတ်ဉာဏ်ထဲက သူ့နာမည်ကိုဖျက်ပစ်လိုက်ပြီး ပျောက်ကွယ်သွားပါတယ်။ဂျင်ဆွန်းမီကတော့ မျောက်မင်းစွန်းအိုဂွန်းကို လွတ်ပေးလိုက်မိတဲ့အတွက်ဆရာတော်ထျန်ဆန်းရဲ့ သွေးကို အမွေဆက်ခံရသူဖြစ်သွားပါတယ်။လူသားတွေအတွက်မသိသာပေမယ့် သူရဲ့အသွေးအသားကို သောက်သုံးရတဲ့မိစ္ဆာတွေဟာအသက်ရှည်စွမ်းအားတွေအလွန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် သူဟာ မိစ္ဆာတွေအားလုံးကငမ်းငမ်းတက်လိုချင်နေတဲ့သွေးပိုင်ရှင်ဖြစ်လာပါတော့တယ်။-ဒီလို အန္တရာယ်တွေကို သူဘယ်လိုကျော်လွှားမှာလဲ-သူ့ကို အကာအကွယ်ပေးမယ့် စွန်းအိုဂွန်း နာမည်ကို ဘယ်လိုမှတ်မိအောင်ပြန်လုပ်မှာလဲ-စွန်းအိုဂွန်းကို ဘယ်လိုများထိန်းချုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ပါ။