Lee Dong Wook နဲ့ Squid Game က​နေလူသိများလာတဲ့ Wi Ha Joon တို့ရဲ့စုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်….အဓိက လီဒုံဝု မင်းသားကြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ “လျူဆူယောလ်” က မှုခင်းဆေးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ရဲအရာရှိတစ်ယောက်ပါ။တပ်ဖွဲ့တစ်ခုလုံးကသူတွေထဲမှာ အထက်တန်းပညာအရည်အချင်းသာ ရှိပေမဲ့လည်းအထက်လူကြီးတွေ အကြိုက်နေတတ်ပြီး အရည်အချင်းရှိတာကြောင့်ရာထူးတွေတိုးပြီး နေရာတစ်နေရာ ရလာနေတဲ့ ရဲအရာရှိ လူလည်ကြီးပေါ့ဗျာ…အထက်လူကြီးတွေ သဘောကျ လူကြိုက်များတဲ့ အမှုတွေကိုပဲစွမ်းစွမ်းတမံဆောင်ရွက်ရင်း တချို့ အမှန်တရားကို သိနေပေမဲ့ နာမည်ကောင်းမရနိုင်တဲ့အမှုမျိုးဆို မသိကျေးကျွံလည်း ပြုထားတတ်သေးတာဗျ။အဲလိုနဲ့ ရာထူးတိုးကာလ နီးကပ်လာတဲ့အခါမှာတောသူ့ရဲ့နေရာပျောက်ဆုံးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ “ကေ” ဆိုတဲ့ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ပြီး အလွန်တရာကိုမှသမာသမတ်ကျတဲ့သူကြီး ပေါ်လာတာကြောင့်ပါပဲ။သူက သမာသမတ်ကျတဲ့ လူကောင်းတစ်ယောက်ဆိုပေမဲ့လည်းပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ရှေ့နောက်မတွေးဘဲ မိုက်ရူးရဲဆန်တဲ့လူစားမျိုး…ဒီလိုလူ(၂)ဦးဟာ ဌာန တစ်ခုထဲ ရာတိုးတစ်ခုထဲသာရှိတဲ့ ထိုင်ခုံကိုလုရသလိုဖြစ်လာတဲ့အခါမှာတော့…တစ်ချိန်ထဲမှာပဲ ဆိုးဝါးတဲ့ လူဆိုးဂိုဏ်းတွေလည်း ဂြိုလ်ကြွလာကြတဲ့အခါမှာတော့…အက်ရှင်ခန်းတွေလည်းမိုက်လှသလို ကလေးဆိုးကြီးတွေလိုပြိုင်ကြတဲ့အခါမှာ လွဲချော်တဲ့ဟာသလေးတွေကို အမောပြေတွေ့ရမှာဖြစ်တဲ့အပြင် အပီအပြင်ကြမ်းတဲ့ဂန်းစတားတွေနဲ့ ဉာဏ်ကစား ပွဲကြမ်းခန်းတွေပါ ခံစားရမှာမို့ လက်မလွှတ်ကြပါနဲ့ဗျို့…