ဟာရီဆိုတဲ့ဘဲကသူများမျက်ခုံးမွေးပေါ်လမ်းလျှောက်ဖို့မွေးဖွားလာတဲ့သူလို့ဆိုရမယ်..သူက ထက်မြက်တဲ့သူတွေစုစည်းပြီး မကောင်းတဲ့နည်းတွေနဲ့ ချမ်းသာလာတဲ့လူတွေကိုမှာ လိုက်ပြီးဗျင်းတာဖြစ်ပါတယ်… ရဲတွေနဲ့ ထိုးကျွေးလိုက်ပိုက်ဆံတွေ ဖြတ်ခုတ်လိုက်နဲ့..ဒီလို ကတုံးပေါ်ထိပ်ကွက်နည်းမျိုးစုံကိုအထူးကျွမ်းကျင်တဲ့သူလို့ဆိုရမှာဖြစ်ပါတယ်..ဒီတော့ တစ်ချို့ သူဌေးကြီးတွေအတွက် အသေသတ်ပစ်ဖို့ပစ်မှတ်ထားခံရသလို ရဲတွေကလည်း တရားမဝင်တဲ့သူ့နည်းတွေအတွက်ဖမ်းဆီးဖို့ကြိုးစားပါတယ်… ဒီလိုကြားထဲမှာ သူဘယ်လိုတွေဆက်လှုပ်ရှားမလဲဆိုတာကိုတော့…ဒီစီးရီးထဲမှာ ဟက်ကာနည်းပညာတွေနဲ့ ကားစတန့်ဆိုင်ကယ်စတန့်တွေ အက်ရှင်ခန်းတွေနဲ့Krystal လေးရဲ့ ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့်၁၄ပိုင်းလုံးမပျင်း မရှိနဲ့ ရှယ်ကြီးပါပဲ…