Blackpink ဂျီဆူလေးရဲ့ ပွဲဦးထွက်၊ အပြုံးချိုချိုလေးနဲ့ Romantic drama kingတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျောင်ဟယ်အင်းတို့ရဲ့ အချစ်ဇာတ်လမ်းလေး Snowdrop….ဒီကားထဲမှာ ဂင်ဂျီဆူက အင်္ဂလိပ်စာစာပေမေဂျာအထူးပြု ထူးချွန်ကျောင်းသူ အွန်းယောင်းရိုအဖြစ်၊ ဂျောင်ဟယ်အင်းက ဂုဏ်သရေရှိတက္ကသိုလ်ကျောင်းမှဘွဲ့ရကျောင်းသားအင်းမ်ဆူဟိုအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်….မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားရှင့် အွန်းယောင်းရိုလေးကတော့အင်းမ်ဆူဟိုကို ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာပဲ မြင်မြင်ချင်းချစ်မိသွားတာပါတဲ့…ဒီကားလေးကို ၁၉၈၇ မှာ ကိုရီးယားကို စစ်အာဏာရှင်တွေအုပ်စိုးချိန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။သွေးတွေပေပွေနေပြီး ဟိုဆူအမျိုးသမီးတက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ကို ခိုးဝင်ရောက်နေတဲ့ ဆူဟိုကို တိတ်တဆိတ်ခေါ်ထားပေးတဲ့ ယောင်းရိုနဲ့ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်မလဲ….အဲ့ကအဆောင်သူလေးတွေနဲ့ သူတို့အားလုံး ဘယ်ကိစ္စမှာ ပါဝင်ပြီးအရှုပ်တော်ပုံတွေဖြစ်မလဲဆိုတာ ကြည့်ရှုရမာပါ။