အထူးတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ် ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol ကအလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်စပိန် နိုင်ငံ ဘာစီလိုနာ မြို့မှာ တိမ်းရှောင်နေရင်းကိုရီးယား ပြန်လာဖို့ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီးဖခင် ဖြစ်သူနဲ့တွေ့ရှိနိုင်ဖို့ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ့ စတင်ဆုံဆည်းခဲ့ပါတယ်ဒီလိုနဲ့ ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန်နေ့စားလုပ်သားတစ်ယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုရင်းအမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ့အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို့သမ္မတလောင်းရဲ့ဇနီးသည် ချွဲ ယူဂျင်း က သူ့ကို အပြတ်ရှင်းထုတ်ပစ်ဖို့စီစဉ်ခဲ့ပါတယ်ဒါကို ပါးနပ်လွန်းတဲ့ ကင်မ် ဂျယ်ဟာ က လက်ဦးမှုယူပြီးသမ္မတလောင်းကတော်ကိုပြန်ပေးဆွဲက သူနဲ့ပတ်သက်တဲ့သူတွေနဲ့သူ့ကိုထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို့ကြိုးစားစဉ်မှာ ထပ်ဆင့်လုပ်ကြံမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်သူ့ကို ထပ်မံလုပ်ကြံသူတွေက တစ်ချိန်ကအီရတ်မှာ သူ့ချစ်သူ ရာနီယာ ကိုသတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ သိပြီးလက်စားချေဖို့အတွက် ချွဲ ယူဂျင်းနဲ့လက်တွဲပြီးJSS အဖွဲ့ရဲ့အထူးသက်တော်စောင့် တစ်ယောက်အနေနဲ့သူမုန်းတီးတဲ့ နိုင်ငံရေးလောကနဲ့ပြန်လည်ပတ်သက်ဖို့အကြောင်းဖန်လာခဲ့တယ်ချွဲ ယူဂျင်း က တော့ JB ကုမ္ပဏီဥက္ကဌကြီးရဲ့ သမီးကြီးတစ်ယောက်ဖြစ်ပါတယ်JSS အဖွဲ့မှာ K2 ဆိုတဲ့Code Name ကိုလက်ခံရရှိခဲ့တဲ့ ကင်မ် ဂျယ်ဟာတစ်ယောက် သူ ကာကွယ်ပေးရမဲ့သမ္မတလောင်းရဲ့သမီးက ဘာစီလိုနာမှာဆုံတွေ့ခဲ့ဖူးတဲ့ အန်နာ ဆိုတဲ့မိန်းမငယ်လေးဖြစ်နေတာကို သိခဲ့ရပြီးသူ တို့သားအဖ နှစ်ယောက်ရဲ့ဒုက္ခတွေကိုပါသိမြင်ခဲ့လို့ကူညီနိုင်ဖို့ကြိုးစားရင်းအန်နာ ကို ကာကွယ်ပေးရတဲ့ သက်တော်စောင့်တစ်ဦးဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ ချွဲ ယူဂျင်းရဲ့ရက်စက်လွန်းလှတဲ့ အစီအစဉ်တွေ…. ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ … စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့JB ကုမ္ပဏီ ရဲ့ပြဿနာ အရှုပ်အရှင်းတွေကြားထဲမှာK2 တစ်ယောက် အန်နာ ကိုကာကွယ်ပေးနိုင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင် ဇာတ်လမ်းတွဲပြီးပြီးRomance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်ပရိသတ်တို့အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ထင်ပါတယ်