ရာဗီနဲ့ ပါဗာတီတို့က ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်နှစ်ဦး။အိန္ဒိယမိုးလေဝသဌာနမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး သူတို့ချစ်ခင်ရင်းနှီးရတဲ့သူတွေကစလို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို အသိပေးထားကြသူတွေ။သူတို့ရဲ့ တကယ်တမ်းအလုပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့တိုင်းပြည်ကိုဖျက်ဆီးကြတဲ့ ဆိုးရွားလှတဲ့အကြမ်းဖက်သမားတွေကိုတားဆီးနှိမ်နှင်းကြရတဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ။မိသားစုကိုယ်စီနဲ့ ဘ၀နှစ်ခုကိုချိန်ညှိရင်း အဆင်ပြေအောင်ရှင်သန်နေကြရသူတွေ။သူတို့တွေ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးရင်းသူတို့ဘ၀ထဲကလူတွေနဲ့ အဆင်ပြေဖို့ချိန်ညှိနေထိုင်ကြရပုံတွေကို မျက်တောင်မခတ်စတမ်း ခံစားကြည့်ရှုကြရမှာပါ။