ယဲ့ရှီးယန်က ယဲ့လုပ်ငန်းစုရဲ့ သမီးလေးဖြစ်ပြီးတော့ နယ်ဘက်ကို ခရီးထွက်ရင်းကားအက်စီးဒန့်ဖြစ်ပြီး အသက်အန္တာရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကူယန့်ရွာရဲ့လက်ဖက်ခင်းပိုင်ရှင် လုမင်ယွိဆီမှာ အကယ်ခံလိုက်ရပြီး အသက်အန္တာရာယ်ကနေလည်းလွတ်မြောက်ခဲ့ပါတော့တယ် ။ဒါပေမဲ့ ယဲ့ရှီးယန်တစ်ယောက် သူ့နောက်ခံကြောင့် အန္တာရာယ်တွေဖြစ်လာမှာကိုကြိုတင်ရှောင်ရှားတဲ့အနေနဲ့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ကူယန်ရွာမှာပဲဆက်နေထိုင်ခဲ့ပါတယ် ။အတူတူနေတာကြာလာတော့ သံယောဇဉ်ဖြစ်လာကြတဲ့ သူတို့၂ဦးဟာ လက်ဖက်ခင်းကြီးကိုစောက်ရှောက်ရင်း ဘဝကိုအေးအေးချမ်းချမ်းနေရမယ်လို့ထင်ထားကြတာပေါ့ ။ဒါပေမဲ့ ချွေးလုပ်ငန်းစုရဲ့သားချွေးကျစ်ဟောက်က ရုတ်တရက်ကြီး ယဲ့ရှီးယန်ကိုတွေ့သွားချိန်မှာတော့မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေ သူတို့ဘဝထဲဝင်ရောက်လာပါတော့တယ် ။ဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက် ပြဿနာတွေကို အတူတူရင်ဆိုင်ပြီး အဆုံးထိအချစ်စစ်ကိုရှာဖွေသွားမလား ? ဒါမှမဟုတ် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေရပြီးသူတို့နှစ်ယောက်ပေါင်း၏ည်းနိုင်ပါ့မလား ? ဖြစ်လာမဲ့ပြဿနာတွေကိုရေဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့အဆုံးထိစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။