Taxi Driver FHD

Taxi Driver

နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေခဲ့ရတဲ့ Taxi Driver 3 စတင်ပြသရက်လေးကို ရောက်ရှိလာပါပြီ။အရင် Season တွေလိုပဲ သက်တံအဆင်မြင့်တက္ကစီ အဖွဲ့သားများဖြစ်ကြတဲ့ Lee Je-Hoon, Kim Eui-Sung,Pyo Ye-jin, Jang Hyuk-Jin နဲ့ Bae Yu-Ram တို့ ငါးဦးစလုံး လူစုံတက်စုံ ပြန်လည်ပါဝင်လာမှာဖြစ်ပြီးJang Na-Ra, Yoon Shi-Yoon, Show Kasamatsu, Eum Moon-Suk, Kim Sung-Kyu အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေကလည်း ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားကြပါသေးတယ်။ဒီတစ်ခေါက် Season မှာလည်း ဒရိုင်ဘာဂင်တို့ရဲ့ သက်တံအဆင်မြင့်တက္ကစီလေးဆီ ဘယ်လိုနစ်နာသူတွေက အလုပ်လာအပ်ကြမလဲ... ဘယ်လိုအမှုမျိုးတွေ ပါဝင်ပတ်သက်နေမလဲ....ဂင်ဒိုဂီကရော ဘယ်လို ကာရိုက်တာ ဆန်းဆန်းလေးတွေအဖြစ် အသွင်ပြောင်းပြီး မတရားခံခဲ့ရတဲ့သူတွေရဲ့ ကိုယ်စား လက်စားချေပေးသွားမလဲဆိုတာကို အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း အတူတူ စောင့်စားကြည့်ရှုလိုက်ကြစို့နော်။