Crushed FHD

Crushed

ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာအထက်တန်းကျောင်းသားကျောင်းသူတွေကြားကပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကိုလူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက်သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။