ဂျေဆန်ဆိုတဲ့ တက္ကသိုလ်မှာ စာသင်တဲ့ ရူပဗေဒ ပရော်ဖက်ဆာတစ်ယောက်ဟာဇနီးဖြစ်သူ သားဖြစ်သူနဲ့ အေးဆေးနေထိုင် ဖြတ်သန်းနေတဲ့လူပါ။ တစ်ညကျ သူငယ်ချင်းဖြစ်သူ အောင်ပွဲခံအခမ်းအနား အရက်သွားသောက်ရာကနေအိမ်ပြန်အလာ သူစိမ်းတစ်ယောက် ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ ဒီမှာ အဝတ်အစားဘာညာချွတ်ပေးလိုက်ရပြီး ဆေးထိုးခံလိုက်ရတော့ မေ့သွားပြီးပြန်သတိရလာတော့ သူ ဘာဆိုဘာမှမသိတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ပြန်နိုးထလာပြီး သူ့လက်ရှိဘဝတစ်ခုလုံးက အရင်လို မဟုတ်ပဲ လုံးဝ ကစဉ့်ကလျားတွေသောက်တလွဲတွေ ဖြစ်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့….။Multiverse အယူအဆတွေ Quantum သီအိုရီတွေ Alternate Reality တွေကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်ဆို ဒီကောင်က ရွှေဖြစ်မှာ အမှန်အကန်ပါပဲ။အပိုင်းတိုင်းရဲ့ လာလာချင်း နေရာလေးတွေမှာ Slow-burn ဖြစ်ပြီး ဇာတ်အထနှေးတယ်ဆိုပေမဲ့ တစ်ဝက်ကျော်ကစပြီးနောက်အပိုင်းတွေထိ ကြည့်ရတာ ဆက်တိုက် အဆင်ပြေလာပါလိမ့်မယ်။ နောက်ထပ် ဘာဆက်ဖြစ်မလဲ ဘာလို့လဲဆိုပြီးမေးခွန်းပဟေဠိတွေ ထုတ်လို့ကောင်းမှာဖြစ်ပြီး Production Design တွေလည်း ကောင်းကောင်း အသုံးပြုထားတာကိုလည်း တွေ့ရပါတယ်။