အရင်တုန်းက ဒုစရိုက်လောကမှာ နာမည်ကျော်ကားမောင်းသမားအဖြစ် နာမည်ကြီးနေတဲ့ ဂရေးတစ်ယောက် သူ့ရဲ့သားဖြစ်သူတစ်ယောက်ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်မှာတော့ ဒီအရိပ်မည်းကြီးက သူ့ကိုအမြဲခြောက်လှန့်နေခဲ့တယ်။သူ့ရဲ့သားဖြစ်သူရဲ့ ဖြစ်ရပ်ကြောင့်ပဲ ဒီလောကကနေ အနားယူလိုက်ပြီး ကားဝပ်ရှော့လေးဖွင့်ပြီးအေးအေးချမ်းချမ်း မိသားစုဘဝလေးတည်ထောင်နေခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အရင်တပည့်ဖြစ်သူကပေါက်ကရအရှုပ်တွေလုပ်လာခဲ့ပြီး ဒီကိစ္စတွေထဲ ဂရေးတစ်ယောက် ပါဝင်သွားခဲ့ရာမှ သူမလိုချင်တဲ့ ဒုစရိုက်ဘဝကြီးထဲကနေဘယ်လိုပြန်လည်ရုန်းထွက်မှာလဲ ဒီလမ်းကပဲ သူ့အတွက်ထွက်ပေါက်ဖြစ်နေမလားဆိုတာ ဆက်လက်ကြည့်ရှု အားပေးကြပါဦး ….