Blood Free FHD

Blood Free

လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုတွေအထိ ရင်ဆိုင်လာရပါတယ်။BF အုပ်စုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိရစ္ဆာန်တွေအပေါ် မတရားသတ်ဖြတ်ပြီးရလာတဲ့ အသားတွေ စားသုံးမှုကို တားဆီးနိုင်ဖို့ဖြစ်ပေမဲ့ ဂေဟစနစ်ပျက်စီးလာမှုကိုကြုံတွေ့လာရတဲ့အခါမှာတော့ ကုမ္ပဏီအတွင်းအပြင် ဆန္ဒပြမှုတွေနဲ့ မထင်မှတ်ထားတဲ့ပြဿနာတွေဖြစ်လာချိန်မှာ သူမရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ရေတပ်သားဟောင်းဝူချယ်ဝွန်း (Ju Ji Hoon) နဲ့အတူ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲ…သူမအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကိုရော ကိုယ်ရံတော် ဝူချယ်ဝွန်းကဘယ်လို ကာကွယ်တိုက်ခိုက်ပေးသွားမလဲဆိုတာကို ဒီ Blood Free ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။