အရင်နှစ်တွေက Super Heroဖန်တွေကြားအောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့Amazon Primeက အသစ်ထုတ်ထားတဲ့Super Hero Animation Series အသစ်ပါပဲ။Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့IMDbရော Rotten TomatoesမှာပါThe Boysထက် Ratingသာနေသေးတယ်။Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetzJk Simmonsတို့လို နာမည်ကြီးတွေကိုသုံးထားပေးတယ်။ Amazon primeဟာပရိတ်သတ်ကို အတော်စေတနာကောင်းတယ်ဆိုလို့ရတယ်။ ပြောရရင် ဒီ AnimationဟာQuality Productတစ်ခုပါပဲ။ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်ကတွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။စူပါပါဝါတွေက The Boysထဲက အများစုရဲ့ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလိုစွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်းပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေကအတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီးမျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင်အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင်မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီးကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ဆွသွားတာကိုပါပဲ။Fanတွေ လက်ရှိမှာ အမျိုးမျိုးတွေးနေကြပေမဲ့သူတို့ကိုယ်တိုင်လည်း သူတို့မထင်တဲ့ အဖြေတစ်ခုဖြစ်လာမယ် မျှော်လင့်နေကြတယ်။ စူပါဟီးရိုးကားအနေနဲ့မဟုတ်ရင်တောင် အတော်လေးတော့စိတ်ကျေနပ်စရာကောင်းတဲ့ကားပါပဲ။Invincibleဟာ လက်ရှိမှာ 2021ရဲ့ အကောင်းဆုံးစူပါဟီးရိုးဇာတ်လမ်းတွဲအဖြစ်သမုတ်ခံနေရသလိုကြည့်ရှုသူနှုန်းအများဆုံးကားအဖြစ်ရပ်တည်နေတယ်။