Mr. & Mrs. Smith FHD

Mr. & Mrs. Smith

Mr. & Mrs. Smith(2024)**********************အပိုင်းသစ်(၁ မှ ၈) အထိ စ/ဆုံးဒီစီးရီးကတော့ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့ နာမည်ကျော် စပိုင်အက်ရှင်စီးရီး Mr. & Mrs. Smith ကိုပြန်အသက်သွင်းထားတာပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုတော့ လူမည်းတစ်ယောက်နဲ့အာရှစကော့တလန်ကပြားတစ်ယောက်အဖြစ် ပြောင်းလဲထားပါတယ်။ ဒါရိုက်တာထဲမှာအကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ Fargo ကို ဖန်တီးခဲ့တဲ့ Francesca Sloane ပါဝင်နေပြီးနာမည်ကြီး သရုပ်ဆောင် Donald Glover ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော မင်းသားအဖြစ်ရောပါဝင်နေတာပါ။ မင်းသမီးဖြစ်တဲ့ Maya Erskine ကတော့ လတ်လတ်ဆတ်ဆတ် Blue Eye Samuraiစီးရီးမှာ Mizu နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းကတော့ဘရက်ပစ်တို့တုန်းကလို အိမ်ထောင်သက်ရှည်တဲ့အတွဲမျိူးမဟုတ်ပါဘူး။ပထမဆုံး အလုပ်ဝင်ပြီး စစ်ဆင်ရေးအနေနဲ့ နှစ်ယောက်တွဲတာဝန်ပေးခံရတာပါ။အိမ်တစ်လုံးထဲမှာထားပေးပြီး လက်ထပ်စာချုပ်တစ်ခုနဲ့ စထားတာဖြစ်တဲ့အတွက်စီးရီးထုံးစံအတိုင်း အေးအေးဆေးဆေး တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့ပုံမျိုးနဲ့ သွားမှာပါပဲ။ စပိုင်ဇာတ်လမ်းတွေပါမယ်၊ အက်ရှင်ကြမ်းကြမ်းတွေပါမယ်၊ဟာသလေးတွေပါမယ်ဆိုတဲ့အတွက် အရင် ရုပ်ရှင်ရဲ့အရသာမျိူး ပြန်ရပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။

အပိုင်းများ

Season 1