Sword and Fairy 6 FHD

Sword and Fairy 6

Synopsis of Sword and Fairy (6) 2024အားလုံးရဲ့ အချစ်တော် ပူတင်းတုံးလေး Yu Shuxin နဲ့ ကိုကို Xu Kai တို့ရဲ့Chinese Paladin 6: Sword and Fairy ကို ဒီနေ့ စကြည့်ရပါပြီနော်ယွဲ့ကျင်းကျောင်း နဲ့ ယွဲ့ချီတို့ ၂ ယောက်ဟာ ဝူးယန်ရွာလေးမှာ၃ နှစ်တာလုံး တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး နေလာခဲ့ကြရင်းတစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်မျိုးရှိပေမဲ့သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုမှ မမှတ်မိခဲ့ကြတာကြောင့်သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ ခရီးထွက်လာခဲ့ပါတယ်၂ ယောက်လုံးဟာ လမ်းခရီးမှာ ချီယွမ်သူတော်စင်ဂိုဏ်းရဲ့ အရှုပ်အထွေးတွေနဲ့လော့အိမ်တော်ခံတပ်ရဲ့ သွေးနဲ့ယဇ်ပူဇော်မှုလို ထူးဆန်းတဲ့ ကိစ္စတွေကြားထဲမှာ ပါဝင် ပတ်သက်မိသွားသလိုသူတော်စင်ဂိုဏ်းနဲ့ အတိုက်အခံဖြစ်နေတဲ့ကာလမှာ ယွဲ့ချီရဲ့မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကိုကို ချိတ်ပိတ်ထားတာ ပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လော့အိမ်တော်က လော့ကျားပေါင်နဲ့ လော့ကျောက်ယန်တို့အမြွှာ ၂ ယောက်ရယ်၊ နှစ်တစ်ထောင်ဝံပုလွေမိစ္ဆာရှန်ချင်းအပြင်ကုဟန့်ကျန်းနဲ့မင်ရှို့တို့ ဆရာတပည့်နဲ့အတူ သိုင်းလောကထဲက အရှုပ်အထွေးတွေကို ဘယ်လို‌ဖြေရှင်းကြမလဲမှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ယွဲ့ကျင်းကျောင်းနဲ့ယွဲ့ချီတို့ရဲ့ သရုပ်မှန်ကရော ဘယ်သူတွေ ဖြစ်နေမလဲယွဲ့ချီအမြဲတမ်းအိပ်မက်မက်နေတဲ့ အိပ်မက်ထဲမှာမျက်နှာမမြင်ရတဲ့ သူ့ဆရာကရော ဘယ်သူလဲဆိုတာဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦးဂိမ်းလောကမှာ နာမည်အကြီးဆုံး The Legend of Sword and Fairyဆိုတဲ့ ဂိမ်းကို အခြေခံပြီးရိုက်ကူးထားတာမို့ရှေ့မှာထွက်ခဲ့တဲ့ Chinese Paladin 1,3,5 တုန်းကလိုပဲပရိသတ်ကြီး အကြိုက်တွေ့မှာ သေချာပါတယ်