The Fall of the House of Usher (2023)===========================IMDb Rating – 8.1/10လောလောဆယ်တော့ IMDb 8.1 နဲ့ RT 94% တို့နဲ့ ပွဲဦးထွက်ထားပြီးEdger Allan Poe .. ရဲ့ The Fall of the House of Usher ဝတ္ထုတိုနဲ့သူ့ရဲ့ တခြားသော ဇာတ်လမ်းတွေကို မှီငြိမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ နာမည်ရ horror ဇာတ်လမ်းတွေ ဖြစ်တဲ့ The Hauntingof Hill House, The Haunting of Bly Manor, The Midnight Club,Midnight Mass တို့ရဲ့ ဖန်ဆင်းရှင် Mike Flanagan ရဲ့ နောက်ထပ် လက်ရာတစ်ပုဒ် ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဖော်ကျူနာတို ဆေးဝါးလုပ်ငန်းရှင် စီအီးအိုဖြစ်သူ ရောဒရစ်အက်ရှာရဲ့ သားသမီးတွေ ဈာပနာနဲ့ အစပျိုးထားတယ်။ ရောဒရစ်ဟာ နှစ်ပတ်တာဆိုတဲ့ အချိန်အတွင်းမှာ သူ့ရဲ့ သားသမီးခြောက်ယောက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ဘာကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကတော့ ပဟေဠိတစ်ပုဒ်ပါ။သားသမီးတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ရောဒရစ်ဟာ သူ့ရဲ့ လုပ်ရပ်တွေကိုဝန်ခံဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဒူပင်ဆိုတဲ့ ရှေ့နေကို သူ့ရဲ့ ငယ်ဘဝက ကြီးပြင်းခဲ့ရာအိမ်ကို ဖိတ်ခေါ်ကာ အကြောင်းစုံကို ရှင်းပြရာကစလို့ အက်ရှာအိမ်တော်ကျဆုံးခန်းကြီး ရုပ်လုံးပေါ်လာပါတော့တယ်။ပဟေဠိဆန်တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ကူးချီသန်းချီ ဇာတ်ကြောင်းပြောတဲ့ စီးရီးဖြစ်လို့ဇာတ်လမ်းကို ကိုယ်တိုင် မြည်းစမ်းလိုက်တာက အကောင်းဆုံးပါပဲ …