SF8 (2020) Limited Series~ IMDb – 6.3/10, MyDramaList – 7.5/10 ~ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး Ye Soo-jung, လီချန်းဒုံလက်စွဲဖြစ်ခဲ့တဲ့ မင်းသမီး Moon So-ri, Bloodhounds တို့၊ Love Is for Suckers တို့ထဲ မင်းသား Choi Si-won, လက်ရှိနာမည်ကြီးနေတဲ့ Destined With You ထဲက Ha Jun, Sweet Home တို့၊ The Divine Move တို့ထဲ သိပ်လှတဲ့မမ Lee Si-young, Ghost Doctor ထဲက မင်းသမီး Uee, Reply 1988 ထဲက Lee Dong-hwi တို့အပြင် Kim Bo-ra, Shin Eun-soo, Lee David တို့ပါ ပါပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ မစိမ်းတဲ့လူတွေတော့ ဒီလူတော်တော်များများကို သိကြမှာပါ။ မျက်နှာမစိမ်းတဲ့သရုပ်ဆောင်တွေနဲ့ Concept ကောင်းကောင်း ဇာတ်လမ်းတွေပေါင်းစပ်ထားတဲ့ ရှားပါးတဲ့ သိပ္ပံစိတ်ကူးယဉ်ကေဒရာမာစီးရီးကောင်းမို့ လက်လွတ်ခံရင်လည်း သင့်ထိုက်နဲ့ သင့်ကံပါပဲ။