Synopsis of Athidhi (2023)Athidhi (သို့) ဧည့်သည်(TV Series)(2023)IMDb – 6.1/10Disney+ Hotstarကနေ အထူးစီးရီးအနေနဲ့ လတ်တလောထွက်ရှိထားပြီးအပိုင်းခြောက်ပိုင်းသာပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လမ်းမကြီးတစ်ခုမှာ ဘယ်လောက်ပဲမီးသီးတွေလဲတပ်ပါစေ မလင်းလာတဲ့နေရာတစ်နေရာရှိတယ်။ပထမဆုံးမီးမလင်းတဲ့ ဓာတ်တိုင်ကိုကျော်တာနဲ့ စီးလာတဲ့ယာဉ်ကစက်သေသွားတော့တာပဲ။ဘယ်လောက်ပဲကြိုးစားကြိုးစား စက်ကနိုးမလာတော့။လေးတိုင်မြောက်မီးပျက်နေတဲ့နေရာရောက်ရင်တော့သရဲပေါ်လာပြီး သတ်တော့တာပဲ။ကံကောင်းလို့ကျော်သွားနိုင်ရင်တော့ မီးလင်းတဲ့ဓာတ်တိုင်ကိုရောက်တာနဲ့စက်ပြန်နှိုးလို့ရပြီး အသက်ဘေးလွတ်မှာပဲ။အဲဒီလို နာမည်ကြီးနေတဲ့နေရာနားမှာပဲ အိမ်ကြီးတစ်လုံးရှိတယ်။လင်ရယ်မယားရယ် နှစ်ကိုယ်တည်းရှိတဲ့အိမ်။မိုးကြီးလေထန်တဲ့ ညတစ်ညမှာပဲ အဲဒီအိမ်ကိုရောက်လာကြသူတွေက မာယာဆိုတဲ့ မိန်းမချောလေးရယ်ဆာဗာရီဆိုတဲ့ သရဲအယုံအကြည်မရှိလို့ သရဲခြောက်တဲ့နေရာကိုသွားပြီးဗီဒီယိုရိုက်တဲ့ ဘလော့ကာတစ်ဦးရယ်ပေါ့။ဘယ်လိုကြောင့် ညကြီးမိုးချုပ်မှ သူတို့နှစ်ဦး ရောက်လာကြတာလဲ။လင်မယားနှစ်ယောက်ကရော လူသူဝေးတဲ့ သရဲခြောက်ပါတယ်ဆိုတဲ့နေရာနားမှာမှ ဘာလို့နေနေကြတာလဲဆိုတာ အဖြေရှာရင်းကြည့်ရင်းကြောက် ကြောက်ရင်းကြည့်လိုက်ရအောင်လားဗျ။