Vyavastha 2023 FHD

Vyavastha 2023

Vyavastha 2023ZEE5 ကနေအသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။IMDb 6.7 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင် Sampath Raj နဲ့မင်းသမီးချော Hebah Patel တို့အဓိကပါဝင်သရုပ်‌ဆောင်ထားပါတယ်။ချာကရာဗာသီ… ထက်မြက်ပြီး ကိုင်တွယ်တဲ့အမှုတိုင်းအနိုင်ရတဲ့ ဝါရင့်ရှေ့နေကြီးတစ်ဦး၊ ပြစ်မှုတွေကို ပညာသားပါပါဖုံးကွယ်တတ်ပြီး ဒုစရိုက်သမားတွေအကြိုက်၊ စီးပွားရေးသမားတွေအကြိုက်ရှေ့နေလိုက်ခကုဋေချီပေးရတဲ့ ရှေ့နေတစ်ဦး၊ အမှုနိုင်ဖို့ ဘာမဆိုလုပ်ဖို့လက်မတွန့်တဲ့သူ…ဂျေ ဗမ်စီခရစ်ရှ်နာ… ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့လောလောလတ်လတ် ဥပဒေကျောင်းဆင်း ရှေ့နေလေးတစ်ဦး၊အကြံကောင်းပေမယ့် တရားရုံးရောက်လို့ အရေးအကြောင်းဆို စကားထစ်တတ်တဲ့သူ…ဒီလိုနဲ့ အတွေ့အကြုံ မိုးနဲ့မြေကွာတဲ့ ဒီရှေ့နေနှစ်ဦးနှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အချိန်မှာတော့ယုန်သူငယ်လေးက ကျားဂူထဲဝင်သွားတဲ့အဖြစ်လိုရှေ့နေနှစ်ဦးရဲ့အားပြိုင်မှုကို ထင်မှတ်မထားတဲ့ Plot twist တွေနဲ့အမှုကိုဘယ်လိုယှဉ်ဖိုက်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။