Drops of God ကတော့ နာမည်ကြီးဂျပန်မန်ဂါတစ်ခုပေါ် အခြေခံထားတဲ့ ဝိုင်အကြောင်းစီးရီးပါ။ ပြင်သစ်ကရိုက်တဲ့စီးရီးဆိုတော့ မန်ဂါကိုအပြောင်းအလဲတွေလုပ်ထားတယ်။ အဓိကဇာတ်ကောင်ကိုလဲ ဂျပန်အမျိုးသားနေရာမှာ ပြင်သစ်အမျိုးသမီးအနေနဲ့ပြောင်းလဲထားတယ်။ အလက်ဇန်းဒါးဆိုသူက ဝိုင်နဲ့ပတ်သက်ရင်အထူးကျွမ်းကျင်သူလေ့လာသူ ပြင်သစ်လူမျိုးပရော်ဖက်ဆာတစ်ယောက်ပါ။ သူက ဆုံးပါးခါနီးမှာ သေတမ်းစာထားခဲ့ပါတယ်။ သူရဲ့သန်းပေါင်းများစွာတန်တဲ့အိမ်နဲ့အတူ ကမ္ဘာပေါ်ကအကြီးမားဆုံးတန်ဖိုးအရှိဆုံးဝိုင်တွေကို ထိုက်တန်သူကဆက်ခံခွင့်ရမှာပါ။ အမွေဆက်ခံသူကတော့နှစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်က အလက်ဇန်းဒါးရဲ့သမီးကမီးလ် နောက်တစ်ယောက်ကအလက်ဇန်းဒါးရဲ့တပည့်ဖြစ်သူ တိုမီနီပါ။ သူတို့နှစ်ယောက်က ဝိုင်ကိုမြည်းစမ်းပြီး အဲ့ဒီဝိုင်နဲ့ပတ်သက်ပြီးစပျစ်အမျိုးအစား ပေါက်ရောက်ရာမြေ သက်တမ်းစသဖြင့်အားလုံးကိုပြောနိုင်ရမှာဖြစ်ပါတယ်။ အဲ့လိုသုံးကြိမ်ယှဥ်ပြိုင်ပြီး အနိုင်ရသူကအမွေတွေကို ဆက်ခံရရှိမှာပါ။