Fake Profile FHD

Fake Profile

Drama FHD 2023

365 Days , Sex/Life လိုဇာတ်ကားစီးရီးတွေကြိုက်ပေမယ့်ဇာတ်လမ်းသွားလေးလဲကောင်းတာလေးကြည့်ချင်တဲ့သူတွေအတွက်ဒီ Fake Profile က ကြည့်ကိုကြည့်သင့်တဲ့ ကိုလမ်ဘီယာစီးရီးအသစ်ပါ။လတ်စ်ဗီးဂတ်က ကမီလာဆိုတဲ့ကောင်မလေးနဲ့ ကိုလမ်ဘီယာက ပလတ်စတစ်ဆာဂျင်ဖာနန်ဒိုတို့ Tinder မှာဆုံကြတယ်ပေါ့။ဖာနန်ဒိုက လတ်စ်ဗီးဂတ်စ်ကိုရောက်လာပြီး ကမီလာနဲ့လာတွေ့တယ်။အပြင်မှာတွေ့တော့ ဖာနန်ဒိုက ကမီလာကို မင်းပရိုဖိုင်ကအတုကြီးပဲ မင်းကဓာတ်ပုံထဲမှာတော့လှတယ်အပြင်မှာကျတော့….နတ်သမီးလေးဖြစ်နေတယ် ဘာညာပေါ့။အဲ့လိုနဲ့ကြည်သွားလိုက်ကြတာ သူတို့သူငယ်ချင်းတွေရှေ့မှာလဲ ရှယ်ကြူး။ သူနဲ့မှအချစ်စစ်။ဒါမျိုး ဘယ်သူနဲ့မှမခံစားဖူးဘူး။ ဒါမှဖူးစာ ဘလာ ဘလာ ဘလာပေါ့။ သူငယ်ချင်းတွေလဲ တော်တော်နားစားခံလိုက်ရပါတယ်။နောက်လေးလထိ အားလုံးအိုကေ။ ပြီးမှဖာနန်ဒိုက သူ့ညီမနေမကောင်းလို့ဆိုပြီး ကိုလမ်ဘီယာကိုပြန်သွားလိုက်တာ။ကမီလာကလဲအရမ်းတွေသတိရ။ လေယာဥ်လက်မှတ်တွေအွန်လိုင်းမှာကြည့်။သူငယ်ချင်းတွေနဲ့တိုင်ပင်တော့ သူငယ်ချင်းတွေက မလိုက်သွားသင့်ကြောင်းဒိတ်တင်းအက်ပ်မှာတွေ့ခဲ့တဲ့လူကိုအဲ့လောက်ယုံမနေသင့်ကြောင်းအကြံပေးပေမယ့်“အေး အေး မသွားပါဘူးဟာ” ဆိုပြီး အမိုက်မဲလေးက လေဆိပ်ရောက်သွားလိုက်ပြီ။သူ့ဘဲကို စပရိုက်စ်တိုက်မယ်ပေါ့။ စပရိုက်စ် စပရိုက်စ်။ တကယ်တမ်းစပရိုက်စ်ဖြစ်သွားတာသူပါ။ဖာနန်ဒိုရဲ့ဆေးခန်းကိုသူလိုက်သွားတယ်။ အဲ့မှာဖာနန်ဒိုရှိပေမယ့် အဲ့ဒါကသူ့ရဲ့ဖာနန်ဒိုမဟုတ်ဘူး။ တခြားလူတစ်ယောက်ဖြစ်နေတယ်။နောက်ဆုံးဖာနန်ဒိုပြောဖူးတဲ့ လူချမ်းသာတွေနေတဲ့ ရီဗီရာအက်စ်မာရယ်ဒါအိမ်ရာဝင်းထဲလိုက်သွားတော့ကမီလာရဲ့ဖာနန်ဒိုက မီဂဲလ်ဆိုတဲ့လူချမ်းသာတစ်ယောက်ဖြစ်နေပါလေရော။ဒါဆိုမီဂဲလ်က ဖာနန်ဒိုအဖြစ်ဟန်ဆောင်ခဲ့တာဘာကြောင့်လဲ။ဒီအိမ်ရာဝင်းကြီးထဲမှာ လှည့်ကွက်ဇာတ်ကွက်များစွာနဲ့ အမျိုးစုံကြိုးခုန်ပုံတွေကိုကြည့်ရမှာပါ။