Synopsis of The Freelancer (2023)The Freelancer (2023)IMDb 8.4/10(ဆီးရီးယားစစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ ကြင်စဦးအိမ်ထောင်သည် မိန်းကလေးအကြောင်းဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ)မွမ်ဘိုင်း ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဗီနက်ရှ်ဟာ ဆိုးရွားတဲ့အဖြစ်တစ်ခုနဲ့ သားဖြစ်သူကို ဆုံးရှုံးရခဲ့ပြီးသူ့ရဲ့ဇနီးဖြစ်သူဟာလည်း စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားခဲ့ပါတယ်။ အရာရာဆုံးရှုံးလိုက်ရတဲ့အာဗီနက်ရှ်ဟာအင်္ဂလန်မှာရှိတဲ့ ကြေးစားစစ်တပ်တစ်ခုထဲကို ဝင်ခဲ့ပြီး The Freelancer ဆိုတဲ့နာမည်နဲ့ အလွတ်တန်း ကြေးစားစစ်သားတစ်ယောက်ဖြစ်လာခဲ့တယ်။The Freelancer တဖြစ်လည်း အာဗီနက်ရှ်တစ်ယောက် ဆီးရီးယားမှာရှိတဲ့အိုင်းစစ်မိသားစုတစ်ခုဆီရောက်နေတဲ့ တူမဖြစ်သူ အာလီယားကိုကယ်တင်ဖို့ကြိုးစားပုံတွေကို ဒီဇာတ်လမ်းထဲမှာ အရသာရှိရှိမြင်တွေ့ရမှာပါ။ဒီဇာတ်လမ်းတွဲမှာ ကြေးစားစစ်သား အာဗီနက်ရှ်အဖြစ် အသောကဇာတ်လမ်းတွဲထဲကလူကြီးအသောကနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Mohit Raina က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းတွဲဟာဆိုရင် အာလီယားဆိုတဲ့ အမျိုးသမီးအကြောင်း ပြန်ပြောင်းရေးသားထားတဲ့” A Ticket To Syria” ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးDisney+Hotstar ကနေ ထုတ်လွှင့်ခဲ့တာပါ။Rating ကောင်းကောင်းနဲ့ အတိုက်အခိုက်စစ်ပွဲကြိုက်သူတွေအဖို့တော့ဒီစီးရီးက လက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။