ynopsis of Black Sands (2021)Black Sands (2021)==============IMDb Rating – 6.6/10IMDb Rating 6.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။မြင်နေကြ Streaming Service တွေ၊ Hollywood က ထုတ်လုပ်တာမျိုးမဟုတ်ဘဲIceland နိုင်ငံကမို့လို့ တမူထူးခြားတဲ့ အရသာမျိုးကို ရရှိမှာပါ။ တချို့အမြင်မသင့်တော်တဲ့ အခန်းလေးတွေ ပါတတ်တာမို့ မိသားစုတွေ၊ ကလေးငယ်တွေနဲ့ အတူကြည့်တဲ့ အခါ သတိထားဖို့ ကြိုပြောချင်ပါတယ်။ Drama, Thriller, Crime အမျိုးအစားမျိုးကို ကြိုက်နှစ်သက်သူဆိုရင် လက်လွှတ်မခံလိုက်ပါနဲ့။ဇာတ်လမ်းအကျဉ်းကတော့ အာနီတာဆိုတဲ့ ရဲအမျိုးသမီးဟာ မြို့ကြီးကနေ မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်ကျေးလက်က မြို့လေးဆီကို တစ်ကျော့ပြန် ပြန်လာခဲ့ပါတယ်။ သူ မြို့လေးကိုပြန်ရောက်ရောက်ချင်းမှာပဲ ကမ်းခြေမှာ ခရီးသွားအမျိုးသမီးတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ သူလည်း အဲအမှုကို ရဲစခန်းနဲ့အတူလိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ သူတို့မြို့လေးဟာ နာမည်ကြီး ခရီးသွားလာရေးနေရာဖြစ်တာမို့ ခရီးသွားတွေ အများအပြားလာကြပါတယ်။ ဒါပေမယ့် ခရီးသွားတွေ မတော်တဆ သေဆုံးမှု၊ ပျောက်ဆုံးမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။အဆိုပါအမှုတွေ ကြားမှာ ဘယ်လိုဆက်စပ်နေမလဲ၊ အာနီတာကရော ဘာအကြောင်းကြောင့်မရောက်တာကြာပြီ ဖြစ်တဲ့ မြို့လေးကို ပြန်လာရသလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှု့လိုက်ပါဦး။