Full Circle FHD

Full Circle

Crime Drama FHD 2023

Synopsis of Full Circle (2023)Full Circle (2023)=============IMDb Rating – 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ ‘ရတယ် ရှုပ်တာမျိုးမှကြိုက်တာ’ ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေးသာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုကစလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာတော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စမဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက်လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည်ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက်သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ အမေရိကန်ထောက်လှမ်းရေးဆားဗစ်က ဟာမိုနီဆိုတဲ့ စုံထောက်မလေးတစ်ယောက် ရှိလို့နေပါသေးတယ်။ သူကတော့ အမှုကြီးတွေကို ကိုင်ပြပြီး ဘော့စ်ဖြစ်သူကို သူလုပ်နိုင်ကြောင်း ကိုယ်ရည်သွေးချင်နေတဲ့ စုံထောက်မလေးပါပဲ။သေချာတာတစ်ခုကတော့ ဒီလူတွေအားလုံး လက်စားချေတဲ့အမှုကြီးမှာ ပါဝင်ပတ်သက်လာကြတော့မှာပါ။ အမှုရဲ့အသွားအလာသည် ဇာတ်လမ်းရဲ့မြှုပ်ကွက်ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ ညွှန်းပေးတာကို ရပ်လိုက်ပါတော့မယ်။ စကားလေးတစ်ခွန်းရှိတယ်မလား။ ဘာမှမသိရတဲ့ ဇာတ်လမ်းတွေက အရှုပ်ထွေးဆုံးပါပဲတဲ့။Synopsis of Full Circle (2023)

အပိုင်းများ

Season 1