BITCH X RICH FHD

BITCH X RICH

Drama Mystery FHD 2023

Red Velvetအဖွဲ့ဝင် Yeriနဲ့ “Cheer up, All of us are dead” စတဲ့ နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသမီး Lee Eun Saem တို့ အဓိကပါဝင်ထားတဲ့ BitchXRich S2 ကတော့ ထွက်ရှိလာပါပြီ။S2မှာတော့ castအသစ်တွေအဖြစ် “Missing Crown Prince”ဇာတ်ကားမှ မင်းသား Kim Min Kyu နဲမင်းသားသစ် Won Gyu Binတို့က ပါဝင်လာပါတယ်။ဇာတ်လမ်းကတော့ဂင်ဟယ်အင်း (Lee Eun Saem) ဟာ ချောင်းဒမ်နိုင်ငံတကာအထက်တန်းကျောင်းကို ကြီးစိုးထားတဲ့Diamond 6 အဖွဲ့ရဲ့ ပထမဆုံး ဆင်းရဲတဲ့ နောက်ခံအသိုင်းအဝိုင်းရှိတဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး S1 အဆုံးမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုရဲ့မျက်မြင်သက်သေဖြစ်ခဲ့တဲ့ ဂင်ဟယ်အင်းကို အဲဒီအမှုရဲ့အဓိကသံသယရှိသူအဖြစ် စွပ်စွဲပြောဆိုလာကြပါတယ်။ဂင်ဟယ်အင်းက ဘယ်လောက်ပဲ အပြစ်ကင်းကြောင်း သက်သေပြဖို့ ကြိုးစားပေမဲ့လည်း မယုံကြည်ကြတာကြောင့်သူမရဲ့ရန်သူဟောင်းဖြစ်တဲ့ Diamond 6 အဖွဲ့ရဲ့ ဘုရင်မ ဘဲ့ဂျဲနာ (Yeri)နဲ့ ပူးပေါင်းရပါတော့တယ်။ချာဂျင်အု (Kim Min Kyu) ကတော့ အတိတ်ဆိုးရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်စက်နိုင်တဲ့ကျောင်းပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့အပြင် သူက ချမ်းသာတဲ့အသိုင်းအဝိုင်းကသူဆိုတာကိုလည်းဖုံးကွယ်ပြီး နေထိုင်နေသူပါ။ ချာဂျင်အုကလည်း Diamond 6အဖွဲ့ကိုဝင်ရောက်လာပြီးချက်ချင်းဆိုသလို ကျောင်းရဲ့အာဏာဆန်တဲ့ကစားပွဲတွေမှာ အဓိကလူဖြစ်လာပါတယ်။အချင်းချင်းကူညီသလိုလို လုပ်နေကြပေမဲ့ ဘယ်အချိန် သစ္စာထဖောက်မယ်မှန်းမသိနိုင်တဲ့ ဂင်ဟယ်အင်းနဲ့ဘဲ့ဂျဲနာတို့နှစ်ယောက်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆက်ဆံရေးရယ်, အသစ်ပါဝင်လာတဲ့ ဇာတ်ကောင်တွေရယ်နဲ့ဘယ်သူက လူသတ်သမားဖြစ်မလဲဆိုတာကို အပတ်စဥ် ကြာသပတေးနဲ့ သောကြာနေ့‌တိုင်းရင်တထိတ်ထိတ်ကြည့်ရှုရမှာမလို့ စောင့်ကြည့်လိုက်ကြပါဦးနော်။