Adhura FHD

Adhura

FHD 2023

Synopsis of Adhura (2023)Adhura 2023 (7 Episodes)IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုးအိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲသူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်..ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့…၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ ..အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်…ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကိုတဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု……

အပိုင်းများ

Season 1