ရို့စ်ဟာ တောက်ပတဲ့အနာဂတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ အမှတ်လည်းကောင်း၊ အားကစားမှာလည်းတော်တဲ့အပြင် ဆူဝစ်ထိုင်ကျောင်းရဲ့ပညာသင်ဆုကို အပြည့်အဝရထားတဲ့သူဆိုလည်း မမှားပါဘူး။ ဆူဝစ်ထိုင်ကျောင်းဆိုတာကတော့ အဆက်အသွယ်လည်းများ၊ ပိုကောင်းတဲ့ပညာသင်အခွင့်အရေးလည်း ပေးနိုင်တဲ့ကျောင်းဆိုပြီး နာမည်ကြီးနေတဲ့ကျောင်းပါ။ ရို့စ်တစ်ယောက် အဲဒီကျောင်းမှာ စတက်တက်ချင်းပဲ ဒီကျောင်း၊ ဒီပတ်ဝန်းကျင်၊ ဒီလောကမှာ ပိုက်ဆံကသာလျှင် ကိုယ့်ကို ပိုမြင့်တဲ့နေရာဆီ ခေါ်သွားပေးနိုင်တဲ့အရာမှန်း သိသွားပါတယ်။ အဲဒါကြောင့် သူဟာ ခြေလှမ်းသွက်သွက်နဲ့ အားလုံးကိုလုယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ဘေးမှာတော့ သူ့ကိုကူပေးမဲ့ ခပ်အေးအေးနေတတ်ပေမဲ့ ဉာဏ်ပြေးလွန်းတဲ့ ပညာသင်ဆုရကျောင်းသား ဆာ့ဖ်ရှိနေပါတယ်။ ပြီးတော့ သူ့အပေါ် တဖြည်းဖြည်းနဲ့စိတ်ဝင်စားလာမဲ့ တိုက်ကွမ်ဒိုအားကစားသမားလည်းဟုတ်၊ တဇောက်ကန်းသမားဆိုလည်းဟုတ်တဲ့ ဘူးဆိုတဲ့ ကျောင်းသားရှိပါတယ်။ အမှန်တော့ ဘူးဟာ ရို့စ်ကိုစောင့်ကြည့်ဖို့ လီလီငှားထားတဲ့သူပါ။ ဒါပေမဲ့ သူက အကြိမ်တိုင်း ရို့စ်ကိုပဲ ကူညီပေးဖြစ်နေတာပါ။ #victor_khai