ရက်စက်သော မိစ္ဆာအရှင် – ထန်ထိုက်ကျင့် အဖြစ် လော်ယွင်ရှီး မသေမျိုး နတ်ဂိုဏ်း အကြီးအကဲရဲ့ မွေးစားသမီးဖြစ်သူ မိန်းမပျိုလေး – လီစူးစူး အဖြစ် ပိုင်လု မိစ္ဆာတိုရဲ့အရှင်သခင် ထန်ထိုက်ကျင့် ကြီးစိုးကာ အနိုင်ကျင့်နှိပ်စက်နေတဲ့ လောကကြီးကိုကယ်တင်ဖိုအတွက် ဟန်ယန်ဂိုဏ်းချုပ်ရဲ့ မွေးစားသမီးငယ်ဖြစ်သူ လီစူးစူးကို အရာအားလုံးကို ဖြေရှင်းဖိုအတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ဆီကိုစေလွှတ်ခဲ့တယ်ဆိုပါတော့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတိတ်ကာလကို ရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ မိန်းမပျိုလေး လီစူးစူးဟာယဲ့အိမ်တော်ရဲ့သမီးငယ်လေး ယဲ့ရှီးဝု အဖြစ်ပြန်လည်မွေးဖွားခဲ့ပါတော့တယ် ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဟာလဲ ဖြစ်ပျက်လိုနေပြန်ပါတယ် အဲ့တာဟာဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ မှ မိစ္ဆာအရှင် ထန်ထိုက်ကျင့်ဟာ ယဲ့ရှီးဝုရဲ့ ခင်ပွန်းဖြစ်နေခြင်းပါပဲ။ နှစ်ဦးသား ချစ်ခြင်းမေတ္တာသံယောဇဥ်တွေပေါက်ဖွားပြီးတဲ့နောက် အဆုံးမှာတော့ ယဲ့ရှီးဝူတစ်ယောက် လီစူးစူး ပုံသဏ္ဍန်အမှန်နဲ့ မိစ္ဆာအရှင် ထန်ထိုက်ကျင့်နဲ့ လောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပါတော့တယ်။