ဖခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဖခင်ရဲ့နောက်မိန်းမဖြစ်သူ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး အရာအားလုံး အလုယူခံခဲ့ရတဲ့ Shim Woo Joo ရဲ့ဘဝဟာ လုံးဝအားကိုးရာမဲ့သွားခဲ့တယ်။ ဒီလိုနဲ့မိထွေးဖြစ်သူကို ကလဲ့စားချေလိုတဲ့စိတ်နဲ့ သားဖြစ်သူ Han Dong Jin ကို ချဉ်းကပ်ရာကနေ မထင်မှတ်ထားတဲ့ “အချစ်” ဆိုတဲ့အရာ ဖြစ်ပေါ်လာတဲ့အခါ အငြှိုးတွေ အမုန်းတရားတွေကို အချစ်ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ဆွေးဆွေးလေးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ရက် ၂ ပိုင်းနှုန်းတင်ဆက်သွားမှာဖြစ်သလို Cast တွေအနေနဲ့ကလည်း visual ရော chemistry ရောအပြစ်ပြောစရာမရှိတဲ့ Kim Young Kwang နဲ့ Lee Sun Kyung တို့ဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်သင့်တာတော့ အသေအချာပါပဲ။