1899 FHD

1899

Drama Mystery FHD 2022

1899 (2022)နာမည်​ကျော်Dark series ပရိုဂျူဆာ​တွေရဲ့ နောက်ထပ်mystery,horror, thriller seriesတစ်ခုဖြစ်တဲ့ 1899seriesထွက်လာပါပြီ။Darkအ​ကြောင်းကို သိသူ​တွေအတွက် ဒီseriesက ​ဘယ်​လောက်Mind-blownလုပ်ဦးမလဲဆိုတာ ရိပ်စားမိကြမှာပါ။ လက်ရှိ IMDb9.2နဲ့ RT 71%ရထားပါတယ်။ Darkလိုမျိုး Time travel genreထပ်သုံးမှာမဟုတ်ဘူးလို့ ​ပြောထားတာလည်းရှိ​တော့ အခုseriesနဲ့Dark ချိတ်ဆက်ပေးမ​လားဆိုတာ​​​ ​စောင့်ကြည့်ရမှာပါ။​သေချာတာတစ်ခုက​တော့ Mysteries​ပေါင်းများစွာနဲ့ ကြည့်သူ​​တွေရဲ့စိတ်ကိုကောင်း​ကောင်းကြီးအလုပ်​ပေးဦးမှာပါ။ဇာတ်လမ်းအညွှန်းက​​တော့ လန်ဒန်က နယူး​ယောက်ကို ​ရေ​နွေး​ငွေ့သင်္ဘော Kerberosနဲ့ ထွက်ခွာလာတဲ့ လူတစ်စုဟာ လမ်းခုလတ်မှာခရီးဖင့်စရာကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ Prometheusလို့​ခေါ်တဲ့ကုမ္ပဏီတူသင်္ဘောတစ်စင်းဟာ ​ပျောက်ဆုံးသွားတာ ၄လ​ကျော်ထိရှိပြီဆို​ပေမဲ့ Kerberosသင်္ဘောဖြတ်သွားတဲ့အချိန်မှ ကိုဩဒိနိတ်နဲ့တည်​နေရာကို အချက်ပြလာလို့ နဂိုလမ်း​ကြောင်းက​ ပြန်လှည့်ပြီးသွားကယ်ဖို့ ကြိုးစားရာမှ Kerberos​ပေါ်က ခရီးသည်​တွေအ​နေနဲ့ထူးဆန်း​ပွေလီတဲ့ ပ​ဟေဠိများစွာနဲ့ ပတ်သက်မိသွားပါ​တော့တယ်။