Fate: The Winx Saga FHD

Fate: The Winx Saga

ဒီစီးရီးဟာ ယခုလို Live Action စီရီးအနေနဲ့မထွက်ခင် Animated seriesအနေနဲ့ ၂၀၀၄ ခုနှစ်တည်းက စတင်ထွက်ရှိလာခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ မှော်စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ Live Action ဟာ Animated ထက် ပိုကောင်းသွားတဲ့စီးရီးကိုပြပါဆို ဒီစီးရီးဟာ ထိပ်ဆုံးကနေ ဦးဆောင်မယ့်စီးရီးတစ်ခုလို့ဆိုရပါလိမ့်မယ်။မှော်ဇာတ်လမ်းအများစုဟာ ဇာတ်လမ်းဇာတ်ကွက်ချာ၊ CGI effect ကညံ့၊သရုပ်ဆောင်တွေက သုံးစားမရလို့ ကြည့်မကောင်းတာတွေက ‌အတော်များတတ်ပေမဲ့ဒီစီးရီးမှာတော့ ထိုအရာတွေအကုန်လုံးတစ်ခုမှ ပြောစရာမလိုဘဲ အလွန်ကောင်းတယ်ဆိုတာSeason 1 ကြည့်ဖူးသူတိုင်း သိကြမယ်လည်းထင်ပါတယ်။  ပရိသတ်တွေ အရမ်းသဘောကျလွန်းလို့ Rating ခပ်များများပေးထားတာခံရတဲ့ စီးရီးလေးလည်းဖြစ်တာမို့ ဘယ်လောက်ကြည့်ထိုက်လဲဆိုတာ သိပ်ပြောပြဖို့လိုနေမယ်မထင်တော့ပါဘူး။ယခုမှစကြည့်ချင်သူတွေ‌အနေနဲ့ကတော့ Season 1 ကိုစကြည့်ရမှာဖြစ်ပြီး မှော်ကားကြိုက်သူတစ်ယောက်အတွက် အလွန်နှစ်ခြိုက်စရာကောင်းအောင် ကြိုအသိပေးထားပါရစေ။ ယခု Season 2 ကိုတော့ Season 1 မှာ အဆုံးသတ်ထားတဲ့နေရာကနေ ထပ်ဆက်ထားပြီး အပိုင်းတစ်မှာတင် ဇာတ်ကွက်ထုံးလိုက်တာမို့ Season 1 လိုမျိုး Season အဆုံးထိမလျှော့သော ဇာတ်ရှိန်နဲ့ ဆွဲခေါ်ဦးမယ့် စီးရီးတစ်ခုပဲဖြစ်ပါတယ်။အပိုင်းအနေနဲ့ ၇ ပိုင်းတိတိထွက်ရှိထားပြီး အပိုင်းတိုင်းရဲ့ rating ဟာ အလွန်အားရစရာကောင်းလှပြီး ကြည့်လို့ကောင်းလှတဲ့ ယခု Season 2 မှာ Bloom နဲ့ သူငယ်ချင်းတစ်သိုက်ဘာတွေဆက်ဖြစ်မယ်၊ ဒေါင်းလင်းနဲ့ ဆောလ်ဆေးဗားတို့ရဲ့ ကံကြမ္မာက ဘယ်လိုဆက်လာမလဲ၊ ကျောင်းတော်ကြီးရဲ့ အနာဂတ်ကရော ဘယ်သို့ဘယ်ပုံခရီးဆက်မယ်‌ဆိုတာကိုခံစားရင်ခုန်လို့ရပါပြီခင်ဗျာ။