American Gods FHD

American Gods

နတ်ဘုရားတွေဟာ လူတွေကြားထဲမှာ ရောပြီးနေကြရင်း အမေ့လျော့ခံ ကိုးကွယ်သူမရှိတဲ့ ဘဝတွေမှာ ရုန်းကန်နေကြတာပါ။ဒါပေမယ့် ခေတ်သစ်နတ်ဘုရားတွေကတော့ လူတွေအပေါ် နည်းလမ်းသစ်တွေနဲ့လွှမ်းမိုးနေကြပြီးခေတ်ဟောင်းနဲ့ ခေတ်သစ်နတ်ဘုရားတွေရဲ့ အားပြိုင်မှုမှာ တင်းမာမှုတွေနဲ့ စစ်ပွဲကြီးဖြစ်လာတော့မယ် အခြေအနေပါ။ဒီစီးရီးဟာ Neil Gaiman ရဲ့ American Gods ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ဝတ္ထုတွေကနေ ပြန်ရိုက်တဲ့ အချို့ ရုပ်ရှင်တွေမှာ ဇာတ်ညွှန်း အပြောင်းအလဲတွေအရမ်းကောင်းရင် ပိုစိတ်ဝင်စားစရာကောင်းသွားတာတွေ ရှိနေတတ်ပါတယ်။ဒီစီးရီးဟာလည်း စာအုပ်မဖတ်ပဲ အရင်ကြည့်သင့်တဲ့ စီးရီးထဲမှာ ပါပါလိမ့်မယ်။အခန်းတွေကို ရှေ့နောက်ပြန်စီထားတာတွေ၊ မြှပ်ကွက်ထပ်ထည့်ထားတာတွေနဲ့ အခန်းပိုအချို့ထပ်ထည့်ထားတာတွေ အကုန်ကောင်းနေပါတယ်။ကျွန်တော်လည်း စာအုပ်ကို စီးရီးရောက်သလောက်ပဲ ဖတ်ပြီး ဆက်မဖတ်ဘဲ ရပ်ထားပြီး စီစန် ၂ ကိုပဲ ဆက်စောင့်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ရှဲဒိုးမွန်းဆိုတဲ့ လူတစ်ယောက်ဟာ ထောင်ထဲက ထွက်လာပြီး မိန်းမဆီကို ပြန်မယ့်နေ့မှာပဲ ထူးဆန်းတဲ့လူကြီးတစ်ဦးနဲ့ လေဆိပ်မှာ စတွေ့ခဲ့ပါတယ်။အဲဒီလူကြီးဟာ သူ့ဘဝအကြောင်းကို ထူးထူးဆန်းဆန်းသိနေပြီး သူ့ကို အလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ရှဲဒိုးမွန်းနဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူကြီးတို့ အတူခရီးထွက်ရင်း ရှဲဒိုးမွန်းတစ်ယောက်သူမသိတဲ့ ကမ္ဘာကြီးထဲက ထူးဆန်းမှုမျိုးစုံနဲ့ ကြုံလာရတဲ့အခါ….