Breaking Bad FHD

Breaking Bad

Drama FHD 2008

အထက်တန်းကျောင်းကဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါရှိနေမှန်းကို သိရှိခဲ့ရပါတယ်သူ့မိသားစုရဲ့ရှေ့ရေးအတွက်ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ဈေးကွက်ကို ရှာဖို့တော့ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင်သူမတူအောင် မိုက်ပါတော့တယ်။ကမ်းကုန်အောင် မိုက်ပါတော့တယ်။နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ဒီလောက်ပဲ ညွှန်းပါတော့မယ်။နာမည်ကြီး Game of Thrones (GOT) ကိုကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။IMDb Rating ကတော့ 9.5/10 ပါRotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ