ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။ ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစုတစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက်ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူးယဉ်နေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။