စရိုက်အမျိုးမျိုးပြောင်းလဲတဲ့ဝေဒနာဖြစ်နေတဲ့ စတီဗင်ဂရန့်ဟာ ရွှေရောင်နွားချေးပိုးရုပ်လေးတစ်ခုလက်ထဲရောက်လာပြီးနောက် နဂိုကတည်းရှုပ်ထွေးခက်ခဲနေတဲ့ဘဝဟာ ပိုရှူပ်ထွေးလာပါတော့တယ်။ အဲ့ဒီအရုပ်လေးကြောင့်Comic တွေအရ Khonshu ဆိုတဲ့ အီဂျစ် လနတ်ဘုရားတစ်ပါး၀င်ပူးခံရပါတယ်။သူ့ရဲ့စွမ်းအားတွေက လပြည့်ညမှာ ပိုမိုအစွမ်းထက်လာပြီး အိမ်မက်တွေကနေအနာဂတ်ကို ကြိုမြင်နိုင်တာ ၊ အသက်ဓာတ်ကိုစုပ်ယူတာတွေပါ လုပ်နိုင်ပါတယ်။Venom နဲ့ Eddie brook တို့ ခန္တာကိုယ်လုသလို Moonknight တဖြစ်လဲစတီဗင်ဂရန့်ဟာ ရရှိလာတဲ့စွမ်းအားနောက်ကွယ်က အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေ ရှင်းသွားမလဲကြည့်ရမှာပါ။