Love, Death & Robots FHD

Love, Death & Robots

သင်ဟာ Animation Crazyတစ်ယောက်လား။ဒါဆိုရင်တော့ အခု နာမည်ကြီးနေတဲ့ Netflix က လွှင့်တဲ့ Love, Death and Robots ဆိုတဲ့ Seriesလေးကို မဖြစ်မနေကြည့်သင့်ပါတယ်။Imdb Rating 9\10 ရထားတဲ့ Seriesပါ။တစ်ပိုင်းနဲ့တစ်ပိုင်းက ဇာတ်လမ်းတစ်မျိုးစီဖြစ်သလို ကြာချိန်တွေလည်း မတူညီကြပါဘူး။ခံစားစေရတဲ့ ရသတွေလည်း မတူညီကြပါဘူး။ဘယ်လိုဇာတ်လမ်းမျိုးတွေပါမလဲဆိုတာကတော့ နာမည်ထဲကအတိုင်း ချစ်ခြင်းမေတ္တာတွေ သေဆုံးမှုတွေနဲ့ စက်ရုပ်တွေကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးတွေပါ။တချို့အပိုင်းတွေဆိုရင် Gameဆော့နေရသလိုမျိုး ခံစားချက်ကိုပါ ပေးစေပါတယ်။အရမ်းညွှန်းနေရင် ပေါ့သွားမှာဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။Animationဆိုပေမဲ့ အသုံးအနှုန်းအကြမ်းတွေ သွေးထွက်သံယိုအခန်းတွေ တစ်ပြုံကြီးပါတဲ့အတွက်ကလေးသူငယ်တွေကို မပြသင့်ပါဘူး။ Animationကြိုက်တဲ့ပရိသတ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ Seriesပါ။မသေခင်ကြည့်သွားသင့်သော Animation List သာရှိရင် ဒီ seriesက အဲဒီlistထဲပါမှာ ကျိန်းသေပါတယ်။