All or Nothing: Tottenham Hotspur FHD

All or Nothing: Tottenham Hotspur

Documentary FHD 2020

၂၀၁၉-၂၀၂၀ ရာသီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းအကြောင်းကို အတွင်းအပြင်အကုန်မြင်နိုင်မယ့် Documentry Series ပါ။အပိုင်း (၉) ပိုင်းပါပါတယ်။ Tom Hardy က နောက်ခံစကားပြော Narrator အဖြစ်တင်ဆက်ထားပါတယ်။မော်ရင်ဟိုပါမယ်…အသင်းပိုင်ရှင် လီဗီပါမယ်…ပိုချက်တီနိုပါမယ်…ကိန်းနဲ့ဆွန်ဟောင်မင်တို့လို Icon ကစားသမားတွေအပြင် စပါးအသင်းရဲ့အသင်းသားတွေအကုန်ပါမယ်…အနိုင် အရှုံး လောကဓံတွေ ခြယ်မှုန်းထားတယ်။ကျွန်တော်တို့ နီးကပ်စွာမြင်ရမှာက မော်ရင်ဟိုအကြောင်း…ဒသနနဲ့  ဘောလုံးယူဆချက်တွေပါ…။ပိုချက်တီနိုထွက်ခွာပြီး မော်ရင်ဟိုနည်းပြဖြစ်လာတဲ့ ပထမဆုံးအချိန်တွေကစလို့ တင်ဆက်ထားလို့ဉရောပအင်အားကြီးဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြခန့်အပ်မှု လုပ်ဆောင်ချက်တွေဖွဲ့စည်းပုံတွေ တာဝန်ပေးအပ်မှုကိုပါ အသေးစိတ်နီးပါးမြင်ရမှာပါ။လှုပ်ရှားမှုတိုင်းကို အနီးကပ်လိုက်ပါ ရိုက်ကူးထားလို့ စပါးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အဝတ်လဲခန်းထဲက ဆက်နွယ်မှုတွေကို တွေ့မြင်ရမှာပါ..မော်ရင်ဟိုနဲ့အင်တာဗျူးတော့ ကျွန်တော့်ကို  လူတွေက ဒီလူကမပြုံးတတ်ဘူး..ခက်ထန်တယ်..ပြောကြတယ်..တကယ်ကအမြင်သက်သက်ပါပဲတဲ့…ဒါဆိုအမှန်ကရောဆိုတော့…မော်ရင်ဟိုကပြုံးတယ်…အဲ့လိုပြောတဲ့ထဲမှာ အမှန်နည်းနည်းတော့ ပါတာပေါ့တဲ့…ပြီးတော့ထရယ်ပါလေရော။ဘောလုံးအသင်းတွေကိုသာ ကျွန်တော်တို့အားပေးနေကြတာ သူတို့ရဲ့တည်ဆောက်မှုတွေကို တစ်ခါမှမမြင်ဖူးကြဘူးလေ…ခု Documentary မှာတော့ တော်တော်ပြည့်စုံရအောင်ကိုမြင်ရတယ်…နည်းပြနဲ့ အသင်းသား အပြန်အလှန်သက်ရောက်မှုတွေကအစပေါ့…စကားပြောရင် ခပ်မြင့်မြင့်က စတိုင်မိမိ ပြောတတ်တဲ့မော်ရင်ဟိုကို မြင်ရတာလဲ အရသာတစ်ခုပါ…နည်းပြဟောင်း ပိုချက်တီနိုဟာ စပါးအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ထိပို့ဆောင်နိုင်ခဲ့ပေမယ့်နောက်ရာသီမှာ ရလဒ်တွေ ကျဆင်းလာတာနဲ့ အထုတ်ခံလိုက်ရပါတယ်..မော်ဒန်ဘောလုံးလောကဟာ အောင်မြင်မှုကြီးမားသလို အမှားလဲမခံကြပါဘူး…ဒီလိုအချိန်မှာ မန်ယူအသင်းကနေ ထုတ်ခံထားရတဲ့ မော်ရင်ဟိုက စပါးအသင်းကို ရောက်လာတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲ…အခုမြင်နေရတဲ့ ကိန်း-ဆွန် တိုက်စစ်အတွဲကို သူဘယ်လိုပုံဖော်ခဲ့သလဲ..အသင်းသားတွေအပေါ် လွှမ်းမိုးဖို့ ဘာတွေလုပ်ခဲ့လဲ…ဒီ Documentary ကို Amazon Prime က တင်ဆက်ထားတာဖြစ်ပြီး ရိုက်ကူးစဉ်က ကင်မရာတွေနေရာတိုင်းရောက်နေလို့မော်ရင်ဟိုကတော့ စိတ်ကသိကအောင့်ဖြစ်ရကြောင်းပြောဖူးပါတယ်…သူစိတ်ပျက်လေ ကျွန်တော်တို့ပျော်လေပဲမလား…ကဲ…ဒါလေးက အနိမ့်အမြင့်လောကဓံတွေကြားမှာ တည်ဆောက်ရတဲ့ ဘောလုံးလောကအကြောင်းကိုတင်ဆက်ထားတာမို့မော်ရင်ဟိုပရိတ်သတ်ရယ်..စပါးပရိတ်သတ်ရယ်မှမဟုတ်..ဘောလုံးပရိတ်သတ်ဆိုတာနဲ့ ကြည့်သင့်ကြောင်း ညွှန်းဆိုပါရစေ။