ဒီစီးရီးကတော့ တိုအင်ခေါ်လုဇ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့စွန့်စားခန်းလို့ပဲ ပြောရမှာပါပဲ။လုဇ်ရဲ့အကြောင်း တစေ့တစောင်းပြောရမယ်ဆိုရင် သူက အူဝဲလို့စငိုမယ့်ဗိုက်ထဲကထွက်လာကတည်းက ကံဆိုးသူရယ်ပါ။အဖေကလည်း ဗိုက်ကြီးသည်အမေဆီကိုလာတဲ့လမ်းမှာ အက်ဆီးဒင့်နဲ့ဆုံးသွားတယ် အမေကလည်း သူ့ကိုမွေးရင်းနဲ့ဆုံးသွားပြန်တဲ့အပြင်အဖေနဲ့အမေကို သဘောမတူခဲ့တဲ့ ဘိုးအေဖြစ်သူကပါ သားတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ပူဆွေးမှုကို ခုမှမွေးလာတဲ့လုဇ်လေးအပေါ်ပုံချလို့တောထဲစွန့်ပစ်စေပါသတဲ့ ဒါပေမဲ့ အဘိုးဖြစ်သူရဲ့တပည့်ဖြစ်တဲ့ဘော်တာဇာကတော့ လုဇ်လေးကိုသနားသွားတဲ့အတွက်ခိုင်းဂန်လူမျိုးစုထဲက ဂါဆိုတဲ့အဘွားကြီးဆီကိုပို့ပြီး ရဲရဲရင့်ရင့်နဲ့ကြီးပြင်းလာစေတာပေါ့ ရဲရင့်ပြီး စွန့်စားမှုကိုမြတ်နိုးတဲ့လုဇ်တစ်ယောက်သူ့ရဲ့အဘိုးနဲ့ပတ်သက်လို့ တစ်စွန်းတစ်စကြားသိသွားချိန်မှာတော့ခိုင်းဂန်ဒေသကနေထွက် မြို့ကိုတက်ပြီး သူ့လိုပဲစပ်စပ်စုစု ပါလေရာငပိချက်ကလေးတစ်သိုက်နဲ့စွန့်စားခန်းဘယ်လိုဝင်မလဲဆိုတာအားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။