The Long Shadow FHD

The Long Shadow

Crime Drama FHD 2023

IMDb- 8.1/10ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ၅နှစ်ကြာလောက်အောင်အထိမဖမ်းမိကြသေးတာလဲ၊ လူသတ်သမားဟာ ပြစ်မှုကျူးလွန်တဲ့နေရာမှာဒီလောက်တောင်ပဲ ပိရိသလား။ဒီလိုရှုထောင့်ကနေ ရိုက်ကူးထားပြီး အသတ်ခံခဲ့ရတဲ့သူတွေအသက်ရှင်လွတ်မြောက်ခဲ့သူတွေရဲ့ ဘဝဇာတ်ကြောင်းလေးတွေကိုအင်တာဗျူးမေးမြန်းထားတဲ့ပုံစံနဲ့ ထည့်သွင်းထားပါတယ်။တရားခံ ဘယ်သူလဲ၊ ဘယ်လိုရှာတွေ့မှာလဲ၊ ဘယ်လိုဖမ်းမိသွားမှာလဲ ဆိုတာ…သိချင်စိတ်တွေ ကြည့်ချင်စိတ်တွေကို နောက်ဆုံးအထိဆွဲခေါ်သွားပေမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းကို “Time(2021)”၊ “Des(2020)၊ “Broadchurch(2017)” ဒီလိုမျိုးနာမည်ကြီး မှုခင်းဇာတ်လမ်းတွဲကို ရိုက်ကူးထားတဲ့နာမည်ကြီး director ဖြစ်တဲ့ Lewis Arnold ကရိုက်ကူးထားပါတယ်။cast တွေကလည်း tv seies တွေမှာ အောင်မြင်ထားတဲ့Jack Deam ၊ မှုခင်းဇာတ်လမ်းတွေနဲ့အောင်မြင်ထားကြတဲ့Lee Ingleby ၊ Katherine Kelly ၊ Daniel Mays တို့၊harry potter ရဲ့ doby ဖြစ်ခဲ့တဲ့ Toby Jones တို့၊ David Morrissey တို့လိုနာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ရိုက်ကူးထားပါတယ်။

အပိုင်းများ

Season 1